ဘိုကလေးမြို့နယ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စီစစ်ခြင်း

Powered by Drupal

    ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)နေ့နံနက် (၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် (၆)ရပ်ကွက်ရှိ ကောင်းမိုးဟိန်း ဘိလပ်မြေအရောင်းဆိုင်သို့ စည်ပင်အဖွဲ့နှင့် အတူပူးပေါင်း၍ ဈေးနှုန်းဈေးကွက်အခြေအနေများအားမေးမြန်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


      ထိုကွင်းဆင်းဆောင်ရွက်ရာတွင် ဘိလပ်မြေဆိုင်များအနေဖြင့် ပစ္စည်းပြတ် လတ်မှု့မရှိစေရေး ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေဝယ်ရင်းဈေးထက် အမြတ် (၁၀)ရာခိုင်နှုန်း ထက်ပို၍ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ရာတွင် ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ဝယ်ရင်းဈေးထက်အမြတ်ရာခိုင်နှုန်း (၂)ရာခိုင်နှုန်းသာ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)