
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်မှ ဒေါ်တင်တင်အေး ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် မအူပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က-၃) ကျောင်း ကမ်းနားလမ်းရှိ ကျောင်းမုန့်ဈေးတန်း အရောင်းဆိုင်များသို့ သွားရောက်၍ ၇-၁၁-၂၀၂၅နေ့ နံနက်(၀၈း၀၀)နာရီအချိန်တွင် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချနေသော စားသောက်ကုန်များတွင်၊ မုန့်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုရှိ/ မရှိတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကျောင်းမုန့်ဈေးဆိုင် ၇ဆိုင်အား ကွင်းဆင်းစစ်ရေးရာတွင် ကျောင်းမုန့်ဈေးရောင်းချသူများအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေး၊ စိတ်ကျေနပ်မှုရှိစေရေး မိမိတို့ရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိသည့် ကုန်စည်များကို သာရောင်းချရန်၊ သက်ဆိုင်ရာဌာနမှ ထုတ်လုပ်ခွင့်ပြုချက်ပါရှိသော ကုန်စည်နှင့် သန့်ရှင်းလတ်ဆက်သည့် ကုန်စည်များကိုသာ ရောင်းချရန်၊ ရောင်းချသူ လုပ်ငန်းရှင်များ ကျန်းမာရေးထောက်ခံချက်များ စစ်ဆေးဆောင်ရွက်ပြီး၊ မုန့်ဆိုင်ပတ်ဝန်ကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးနှင့် ညီညွှတ်သော စားသောက်ကုန်များကိုရောင်းချရန်တို့ကို အသိပညာပေး၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
