
၁၀.၁၁.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် လှိုင်မြို့နယ် ရတနာဈေးတွင်ရောင်းချလျက်ရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းများကို ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဒေါ်မြတ်မွန် ဒု-ကြီးကြပ်ရေးမှူးနှင့် ဝန်ထမ်း(၂) ဦးနှင့် ဈေးမှတာဝန်ခံ ဦးဇော်အောင်တို့နှင့် ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ လှိုင်ရတနာဈေးတွင်ရောင်းချနေသော အသင့်သောက်အချိုရည်များဖြစ်သော Sunkit၊ Pocari Sweat၊ Kick၊ KATO၊ Ve Ve၊ Genbo၊ Speed အစရှိသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်မှုရှိကြောင်း သိရှိခဲ့ရပါသည်။ ဈေးများတွင်ရောင်းချနေသော စားသောက်ကုန်များတွင် ကုန်အညွှန်းအမှတ်အ သားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာပါရှိသော စားသောက်ကုန်များကိုသာ ရောင်းချစေလိုကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)
