တူးချောင်းကျေးရွာရှိ စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၁.၁၁.၂၀၂၅) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ထန်းတပင်မြို့နယ်၊ တူးချောင်းကျေးရွာရှိ ZTH စက်သုံးဆီအရောင်းဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စက်သုံးဆီဆိုင်များတွင် စက်သုံးဆီရည်ညွှန်းဈေးတို့ကို အပတ်စဉ်သောကြောနေ့တိုင်း (PPRD)စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးလျက်ရှိရာ စက်သုံးဆီရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)