
စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် (၁၁.၁၁.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)နာရီအချိန်တွင် ဈေးရပ်ကွက်နှင့် ဗောဓိကုန်းရပ်ကွက်ရှိ ကုန်မျိုးစုံဆိုင်များတွင် အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ကုန်မျိုးစုံဆိုင်များမှ အမှတ်တံဆိပ်မျိုးစုံ အသင့်သောက်အချိုရည်များတွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အချက်များကို ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမလုပ်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်အချက်(၁၁)ချက်အား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)
