“ဒလမြို့နယ်ဈေးကွက်အတွင်းရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ”

Powered by Drupal

        ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံတို့ ပူးပေါင်း၍ ကုန်စည်အမျိုးအစားအလိုက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နိုဝင်ဘာလ(၁၁)ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဒလမြို့နယ်၊ ကမာကဆစ်ဈေးအတွင်း/ အပြင်၌ အသင့်သောက်အချိုရည် အမျိုး မျိုးရောင်းချလျက်ရှိသော ဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဈေးတာဝန်ခံ ဦးဌေးဝင်းတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကမာကဆစ်ဈေးအတွင်း/ အပြင်ရှိ အသင့်သောက်အချိုရည်များ ရောင်းချသော ဆိုင်များတွင် BLUE MOUN TAIN ကိုလာအရသာအချိုရည်၊ FIRE DRAGON အားဖြည့်အချိုရည်၊ MAX သံပုရာအရသာအချိုရည်၊ STING အားဖြည့်အချိုရည်၊ TARGET အားဖြည့်အချိုရည်တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး မြို့နယ်တာဝန်ခံက အသင့်သောက်အချိုရည်များသည် ကလေးများ အရွယ်စုံလူတန်းစားမရွေး ကြိုက်နှစ်သက်ကြသဖြင့် ဘေးအန္တရာယ်ကင်းစေရန်နှင့် လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်အညွှန်းအမှတ် အသားပြည့်စုံသောအချိုရည်များကို ရွေးချယ်ဝယ်ယူရောင်းချကြရန် ရောင်းချသူလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)