“ကော့မှူးမြို့နယ် ဆီကိုယ်စားလှယ်များအား စားအုန်းဆီဖြန့်ဖြူးရောင်းချနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး”

Powered by Drupal

         စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကျိုက်ထော်ကျေးရွာအုပ်စုရှိ စားအုန်းဆီကိုယ်စားလှယ်အနေဖြင့် စားအုန်းဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား နိုဝင်ဘာလ(၁၃)ရက်နေ့၊ နေ့လယ်(၁၁:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့အဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်မြတ်၊ မြို့နယ်စီမံကိန်းဦးစီးဌာနမှ လက်ထောက်ညွှန်းကြားရေးမှူး ဒေါ်နော်လင်းနိုင်၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးတင်ထွန်းအောင်တို့ ပူးပေါင်းအဖွဲ့ဖြင့် ကျိုက်ထော်ကျေးရွာအုပ်စု၊ ကျိုက်ထော်မြောက်ကျေးရွာရှိ မြို့နယ်စားအုန်းဆီကိုယ်စားလှယ် ဒေါ်ခင်ပြုံးဝေအနေဖြင့် ဆီကုမ္ပဏီမှ နေ့စဉ်ထုတ်ယူရရှိနေသည့် စားအုန်းဆီပေပါ၊ ပိဿာ၊ ကျေးရွာအုပ်စုများသို့ နေ့စဉ်ပြန်လည်ဖြန့်ဖြူးရောင်းချလျက်ရှိသော ပေပါ၊ ပိဿာစာရင်းနှင့် အပတ်စဉ်၊ လစဉ်ထုတ်ယူရရှိမှုနှင့် ပြန်လည်ဖြန့်ဖြူးပေးလျက်ရှိသော စာရင်းမှတ်တမ်းတို့အား စစ်ဆေးခဲ့ပြီး ကျေးရွာရှိ စားသုံးသူပြည်သူများအား လက်လီဖြန့်ဖြူးရောင်းချနေမှု အခြေအနေအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)