ကံမမြို့နယ်ကျေးရွာများမှ ထွက်ရှိသည့် ဆောင်းပဲတီစိမ်း၊ မတ်ပဲနှင့်ပဲကြီးဈေးနှုန်း‌ဈေးကွက် အခြေအနေ

Powered by Drupal

      ကံမမြို့နယ်မြောက်ချောင်းဘက်ရှိ ရေနံသာကျေးရွာ၊ ဆုံကုန်းခြောက်ပင်၊ သံပရာ၊ ဥသျှစ်ကုန်း၊ မင်းတည်းစသည့်ကျေးရွာများမှ ထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းသီးနှံ ပဲတီစိမ်းများ စတင်ပေါ်ထွက်လျက်ရှိပါသည်။ ပဲတီစိမ်း (၃၀)ပိဿာဝင် တစ်အိတ်လျှင် အောက်တိုဘာလ(တတိယ)ပတ်တွင် ကျပ်(၇၀၀၀၀) ရှိခဲ့ရာ ယခု(စတုတ္ထ)ပတ်တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၆၇၀၀၀ မှ ၇၃၀၀၀)ထိဖြစ်ပြီး ပဲအရည်အသွေးပေါ်မူတည်၍ ဈေးနှုန်း အတက်ဖြင့် တစ်ပတ်လျှင် အိတ်(၅၀)ခန့်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါသည်။

     မတ်ပဲ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ယခင်အပတ် ကျပ်(၉၀၀၀၀)၊ ယခုအပတ်တွင်လည်း ကျပ်(၉၀၀၀၀)ဖြင့် ဈေးငြိမ်နေပြီး ပဲကြီးမှာ(၃၀)ပိဿာဝင် တစ်အိတ်လျှင် ယခင်အပတ် ကျပ် (၁၀၅၀၀၀)၊ ယခုအပတ် ကျပ်(၁၂၀၀၀၀) ဖြစ်၍ ယခင်အပတ်ထက် ဈေးကျပ်(၅၀၀၀) ဈေးမြင့်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်သာကျေးရွာ ကုန်သည်တစ်ဦးထံမှ သိရပါသည်။

DOCA(မကွေး)