ပခုက္ကူမြို့ မြေပဲတောင့်/ မြေပဲဆံ ဈေးကွက်အခြေအနေ

Powered by Drupal

     ဆီထွက်သီးနှံမြေပဲ(အတောင့်/အဆံ)များ ပခုက္ကူဈေးကွက်သို့ နေ့စဉ်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြေပဲတောင့်များကို ပခုက္ကူမြို့နှင့် နီးစပ်ရာကျေးရွာများနှင့် ညောင်ဦးမြို့ နယ် ဒေသကျေးရွာများမှ ဝင်ရောက်ပြီး မြေပဲဆံများကို ပခုက္ကူဒေသအပြင် ကျောက် ပန်းတောင်း၊ မုံရွာ၊ပြည်၊ မြန်အောင်မြို့များမှ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကုန်ပစ္စည်းဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်း၊ မိုးတွင်းကာလဖြစ်၍ ကုန်ပစ္စည်းအဝင်နည်းကြောင်း၊ ယခု အောက်တို ဘာလ(စတုတ္ထ)ပတ်တွင် မြေပဲဈေးကွက်ငြိမ်ပြီး အတက်အကျမရှိ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

   ယခုတစ်ပတ်အတွင်း နေ့စဉ်ပခုက္ကူဈေးကွက်သို့ မြေပဲတောင့် (၃)တင်း ဝင်အိတ် (၃၀၀) ခန့် (၁)ပတ်အတွင်း အိတ်(၂၁၀၀)ခန့်ဝင်ရောက်ပြီး မြေပဲဆံအဝင်မှာလည်း(၁)ရက်လျှင်(၂၅)ပိဿာဝင်ဆန့် အိတ်(၃၀၀)၊ (၁)ပတ်အတွင်း အိတ်(၂၁၀၀)၊ ပိဿာ(၅၂၅၀၀)ခန့် ဝင်ရောက်အ‌ရောင်း အဝယ်ဖြစ် ကြောင်းသိရှိရသည်။ အောက်တိုဘာလ(စတုတ္ထ)ပတ်တွင် မြေပဲတောင့်(အခြောက်) (၁) ပိဿာလျှင် ကျပ်(၁၇၀၀ မှ ၃၁၀၀)ထိ အရောင်းအဝယ်ဖြစ်ပြီး မြေပဲတောင့်ပဲလေး(အစို) (၁) ပိဿာ ကျပ် (၁၄၀၀မှ ၁၅၀၀)ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်ပြီး မြေပဲဆံ (၁)ပိဿာလျှင် လုံးဆံ (ရှယ်) ကျပ်(၆၀၀၀)၊ လုံးဆံ(ရိုးရိုး)ကျပ်(၅၆၅၀)၊ ဆီဆံကျပ်(၄၈၀၀မှ၄၇၀၀)ဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်း နှိုင်းယှဉ်ချက်အရကွာဟမှုမရှိကြောင်း ပခုက္ကူ မြေပဲဈေးကွက်မှ သိရှိရသည်။

    ကုန်စည်စီးဆင်းမှုအနေဖြင့် အောက်တိုဘာ(စတုတ္ထ)ပတ်တွင် မြေပဲတောင့်များကို မြို့ပေါ်ရှိ မြေပဲရောင်းဝယ်ရေးပဲခွဲစက် လုပ်ငန်းရှင်များနှင့် မြေပဲဆုံဆီ၊ စက်ဆီလုပ်ငန်းရှင်များမှ ဝယ်ယူလျက်ရှိပြီး မြေပဲဆံ(လုံးဆံ/ဆီဆံ) များကို ဆီစက်လုပ်ငန်းရှင်များ၊ မြေပဲဆားလှော်၊ မြေပဲကြက်ဥ လုပ်ငန်းရှင်များမှ ဝယ်ယူပြီး ပြည်တွင်းရှိ နေရာဒေသအနှံ့အပြား အမြို့မြို့အနယ်နယ်သို့လည်း တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ ပြည်တွင်းသာမက ပြည်ပပို့ကုန်အဖြစ် မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ဖြန့်ဖြူးလျက်ရှိကြောင်း၊ မြေပဲဈေးကွက် အဝယ်လိုက်သော်လည်း အဝင်နည်းပြီး ဈေးငြိမ်လျက်ရှိကြောင်း သိရှိရသည်။

DOCA(‌မကွေး)