မကွေးကုန်စည်ဒိုင်ရှိ ပဲမျိုးစုံစျေးကွက်အခြေအနေ

Powered by Drupal

     အောက်တိုဘာလ တတိယအပတ်တွင် မကွေးကုန်စည်ဒိုင်၌ ကုလားပဲကြီး (929)(၁၉)ပိဿာ (၁) တင်းလျှင် ကျပ်(၆၀၇၀၀)၊ ကုလားပဲ (HL)(၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၆၀၀၀၀)၊ ကုလားပဲလုံးသေး (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၅၉၀၀၀)၊ ပဲကြီးဖြူ (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၇၇၀၀၀)၊ ပဲလွန်းဝါ (၁၉)ပိဿာ (၁)တင်းလျှင် ကျပ်(၄၅၅၀၀)တို့ဖြင့် စျေးနှုန်းမြင့်တက်လာပြီး ကျန်ပဲများဖြစ်သော ပဲတီစိမ်း၊ ပဲထောပတ်၊ ပဲကြီးမဲ၊ စားတော်ပဲ၊ မတ်ပဲနှင့် ပဲစဉ်းငုံတို့သည် စျေးနှုန်းတည်ငြိမ်လျှက်ရှိကြောင်း သိရသည်။

     အောက်တိုဘာလ တတိယအပတ်တွင် ကုလားပဲသည်  (၃၂၂၅)တင်းခန့် ၊ ပဲတီစိမ်းသည် (၁၆၁၀၀)တင်းခန့်၊ ပဲကြီးဖြူသည် (၆၂၄၅)တင်းခန့်၊ မတ်ပဲသည် (၆၃)တင်းခန့်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(မကွေး)