ကလေးမြို့နယ် ဆန်စက်အသင်းဥက္ကဌနှင့် တွေ့ဆုံ

Powered by Drupal

( ၂၇.၁၀.၂၀၂၂ ) ရက်နေ့တွင် ကလေးမြို့နယ် ၊ မြို့သာရပ်ကွက်မှ ဆန်စက်အသင်း ဥက္ကဌဦးဆွေဝင်း ရွှေတော်ဝင်ဆန်စက်သို့ သွားရောက်၍ ကလေးခရိုင်ရုံးမှ ဒေါ်စန္ဒာမွန် (ဒု-ဉီးစီးမှူး) ဒေါ်ဇင်မိုးဝါ(ကြီး/ရေး) တို့တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံဆွေးနွေးရာ ၁၀/၂၀၂၂လ အတွင်းတွင် စပါးကြိတ်ခွဲမှုအနေဖြင့် ဆန်စက်တစ်ချို့ တစ်ဝက်သာ ကြိတ်ခွဲနိုင်ပြီး ဆန်ရောင်းဝယ်မှုများ အနေဖြင့်လည်း အခြားဒေသများသို့ ရောင်းချရမှုများမရှိဘဲ ဒေသတွင်းစားဆန်များသာ ရောင်းချရလျှက်ရှိပါကြောင်း၊ စပါးဈေးဆန်ဈေးနှုန်းများမှာ ယခုလအတွင်းတွင် ဈေးနှုန်းတည်ငြိမ်လျှက်ရှိပါ ကြောင်း၊ ယခင်နှစ် ( ၁၀/၂၀၂၁ ) လတွင် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၈၉၀၀)ကျပ်၊ ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၇၈၀၀ ) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည်တစ်တင်းလျှင် (၁၀၀၀၀) ကျပ်၊ ဧည့်ဆန်( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၃၀၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၂၈၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၃၉၀၀၀ ) ကျပ် ပေါက်ဈေးနှုန်းသာရှိခဲ့ပြီး ယခုနှစ်တွင် စပါး၊ဆန်ပေါက်ဈေးနှုန်းများအနေဖြင့် ဧည့်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၁၀၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁၆ ) ပြည်တစ်တင်းလျှင် (၉၅၀၀) ကျပ်၊ ဧရာမင်းစပါး ( ၁၆ ) ပြည်တစ်တင်းလျှင် ( ၁၃၅၀၀ ) ကျပ်၊ ဆန်ဈေးနှုန်းများမှာ ဧည့်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် ( ၄၄၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် (၄၀၀၀၀) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည်တစ်အိတ်လျှင် (၅၅၀၀၀) ကျပ် ပေါက်ဈေးနှုန်းများရှိပြီး ယခင်နှစ်နှင့် ယခုနှစ်နှိုင်းယှဉ်ပါက စပါးဈေးနှုန်း၊ ဆန်ဈေးနှုန်းများ ဈေးနှုန်းကွာဟမှုများရှိပါကြောင်း ယခင်နှစ်များက ချင်းတောင်ဒေသ၊ မုံရွာ၊ မန္တလေးမြို့များသို့ ဆန်တင်ပို့မှုများရှိခဲ့သော်လည်း ယခုနှစ်လမ်းအခြေအနေများကြောင့် တင်ပို့ရမှုများမရှိပါကြောင်း ဆန်စက်အသင်းဥက္ကဌ ဦးဆွေဝင်းထံမှသိရှိရပါသည်။
DOCA(စစ်ကိုင်း)