သံချောင်းလုံး၊ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာဈေးကွက်

Powered by Drupal

မုံရွာမြို့တွင် အိမ်ဆောက်ပစ္စည်းအရောင်းဈေးကွက်၌ အောက်တိုဘာလ စတုတ္ထပတ်တွင် သံချောင်းလုံး ဈေးနှုန်းနှင့် ဘိလပ်မြေဈေးနှုန်းများ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။ သံချောင်းလုံး ၃မူး တစ်တန် ကျပ် ၁၆၀၀၀၀၀၊ ၅ မူးတစ်တန် ကျပ် ၁၄၅၀၀၀၀ ၊ ၆ မူး တစ်တန် ကျပ် ၁၄၅၀၀၀၀ ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဘိလပ်မြေဈေးကွက်၌ ကြံ့နှစ်ကောင် တစ်အိတ် ကျပ် ၈၆၀၀၊ အပါချီ တစ်အိတ် ကျပ် ၈၆၀၀၊ Crown တစ်အိတ် ကျပ် ၈၆၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းကို မုံရွာမြို့ရှိ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များမှ စုံစမ်း သိရှိရသည်။
မုံရွာမြို့ရှိ ဓာတ်မြေဩဇာဈေးကွက်မှာမူ ပြန်လည်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရ ပါသည်။ ယခု အောက်တိုဘာလ စတုတ္ထပတ်တွင် အာမို (၁၅:၁၅:၁၅)၅၀kgပါ တစ်အိတ် ကျပ် ၁၅၃၀၀၀၊ နိုက်ထရိုဖော်စကာ(ဩဘာ) ၅၀kg တစ်အိတ်ကျပ် ၁၆၀၀၀၀ နှင့် ပန်းဖူး(ရွှေပျား)၅၀kgပါ တစ်အိတ် ကျပ် ၁၂၀၀၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းနှင့် စိုက်ပျိုးရေးဆေး ဈေးနှုန်းများမှာ ယခင်အပတ်နှင့်နှိုင်းယှဉ်လျှင် အပြောင်းအလဲမရှိ တည်ငြိမ်လျက်ရှိကြောင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်များနှင့် စိုက်ပျိုးရေးဆေးဆိုင်များမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)