ဒေသထွက်အစေ့ထုတ်ပြောင်းနှင့် နှမ်း တင်ပို့မှုအခြေအနေ

Powered by Drupal

       ကယားပြည်နယ်သည် လယ်ယာထွက်ကုန်သီးနှံဖြစ်သည့် ပြောင်း၊ နှမ်း တို့ကို အဓိကစိုက်ပျိုးကြပြီး ယခုလအတွင်း ဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၈၀၀ ကျပ်မှ ၉၂၀ ကျပ်)အကြား အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ယခင်လ အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင်(၇၀၀ ကျပ်မှ ၈၀၀ ကျပ်) အတွင်းသာရှိပြီး ယခင်လနှင့် ယခုလ နှိုင်းယှဉ်ကြည့်လျှင် တစ်ပိဿာလျှင် (၁၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။ ယခင်လ ကယား ပြည်နယ်မှ အခြားဒေသများသို့ အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ (၇၆၁) တန်ခန့် တင်ပို့ လျှက်ရှိပြီး ယခုလအတွင်း အစေ့ထုတ်ပြောင်းတင်ပို့မှုမှာ(၂၃၅၈)တန်အထိ တင်ပို့ လျှက်ရှိပါကြောင်း၊ ယခင်လနှင့် ယခုလ အစေ့ထုတ်ပြောင်းတင်ပို့မှုကို နှိုင်းယှဉ်ကြည့်လျှင် (၁၅၉၇)တန်ခန့် ပိုမိုတင်ပို့လာကြသည်ကို တွေ့ရှိရပါသည်။ အစေ့ထုတ်ပြောင်းကို ရန်ကုန်သို့ အများဆုံး တင်ပို့လျှက် ရှိပါကြောင်းကို မြို့ဦးဂိတ်စာရင်းအရ သိရှိရပါတယ်။

       ယခုလအတွင်း ကယားပြည်နယ်တွင်ဖြစ်ပေါ်နေသော စမုံနက်နှမ်းဈေးနှုန်းမှာ တစ်ပိဿာလျှင်(၅၅၀၀ ကျပ်မှ ၅၈၀၀ ကျပ်)အကြားအရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လတွင် စမုံနက် နှမ်းဈေးနှုန်း တစ်ပိဿာလျှင်(၇၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်) အကြားအရောင်းအဝယ်ဖြစ်ခဲ့ကြသည်။ ယခင်လနှင့် ယခုလ နှမ်းဈေးနှုန်း နှိုင်းယှဉ် ကြည့်လျှင် (၂၅၀၀)ကျပ်ခန့် ဈေးနှုန်းကျဆင်းလာသည်ကိုတွေ့ရှိရပါသည်။ ယခင်လ ကယားပြည်နယ်မှ အခြားဒေသများသို့ နှမ်းတင်ပို့မှုမှာ (၂၂၀)တန်ခန့်တင်ပို့လျှက်ရှိပြီး ယခုလအတွင်း နှမ်းတင်ပို့မှုမှာ(၂၈၀)တန်ခန့်တင်ပို့လျှက်ရှိပါကြောင်း၊ ယခင်လနှင့် ယခုလ နှမ်းတင်ပို့မှုနှိုင်းယှဉ်ကြည့်လျှင်(၆၀)တန်ခန့် ပိုမိုတင်ပို့လာနိုင်သည်ကိုတွေ့ရှိရ ပါသည်။ နှမ်းကို မန္တလေးမြို့သို့အများဆုံး တင်ပို့လျှက်ရှိပါကြောင်း မြို့ဦးဂိတ်စာရင်း များအရ သိရှိရပါသည်။

DOCA(ကယား)