စစ်ကိုင်းတိုင်းဒေသကြီးတွင် အောက်တိုဘာလအတွင်း ဖြစ်ပေါ်နေသော စပါး/ဆန်ဈေးနှုန်းများနှင့် စီးထွက်မှု အခြေအနေ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီးသည် ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူနှင့် ရွှေဘိုခရိုင်များအနေဖြင့် ယခင်လနှင့် ယခုလနှိုင်းယှဉ်ပါက ရွှေဘိုခရိုင်တွင် ပေါ်ဆန်းနှင့် ဧရာမင်း စပါးဈေး အနည်းငယ်တက်နေပြီး၊ ကသာခရိုင်တွင် ဆင်းဧကရီ-၃ စပါးဆန်း အနည်းငယ်တက်နေပြီး၊ မှော်ဘီ-၂နှင့် ဧရာမင်းစပါးဈေး အနည်းငယ်ကျနေပြီး၊ မုံရွာခရိုင်တွင် ဧရာမင်းစပါးဈေး အနည်းငယ်ကျနေပါကြောင်း နှင့် ကလေးခရိုင်တွင် ဈေးအေးနေပါသည်။

        စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အောက်တိုဘာလ(နောက်ဆုံး)ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေး နှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း(စပါး) တင်း၁၀၀လျှင် ကျပ်(၂၄၀၀၀၀၀)၊ ပေါ်ဆန်း (ဆန်) ၂၄  ပြည်ပါ တစ်အိတ်လျှင်ကျပ်  ၈၅၀၀၀၊ ဧရာမင်း(စပါး)တင်း ၁၀၀လျှင် ၁၄၅၀၀၀၀၊ ဧရာမင်း(ဆန်) ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၆၅၀၀၀၊ ရေဦးမြို့မှ ပေါ်ဆန်း (စပါး) တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) တစ်အိတ်လျှင်ကျပ် ၈၀၀၀၀၊  ဧရာမင်း (စပါး) တင်း၁၀၀ လျှင် ၁၃၀၀၀၀၀၊ ဧရာမင်း (ဆန်)၂၄ ပြည် ပါ တစ်အိတ်  ၅၈၀၀၀ ကျပ်များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

        ကလေးခရိုင်၊ ကလေးမြို့နယ်မှ ဧည့်မထ(စပါး) တင်း၁၀၀ လျှင် ၁၀၅၀၀၀၀၊ ဧည့်မထ(ဆန်)‌ ၂၄ ပြည်ပါ တစ်အိတ်မှာ ကျပ် ၄၄၀၀၀၊ ငစိန်(စပါး) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ ၊ ငစိန်(ဆန်)၂၄ပြည်ပါ တစ် အိတ်မှာ ၄၀၀၀၀၊ ဧရာမင်း (စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊ ဧရာမင်း(ဆန်)၂၄ပြည်ပါ တစ်အိတ် မှာကျပ် ၅၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       ကသာခရိုင်၊ အင်းတော်မြို့နယ်မှ မှော်ဘီ(၂)(စပါး) တင်း ၁၀၀လျှင် ကျပ်၉၅၀၀၀၀၊ မှော်ဘီ(၂) ဆန် ၂၄ပြည် တစ်အိတ် လျှင် ကျပ် ၄၅၀၀၀၊ ဆင်းဧကရီ(၃)(စပါး) တင်း၁၀၀ လျှင် ကျပ် ၈၈၀၀၀၀၊ ဆင်းဧကရီ-၃ဆန် ၂၄ပြည်တစ်အိတ်မှာကျပ် ၄၀၀၀၀၊ ဧရာမင်း (စပါး) တင်း ၁၀၀ လျှင် ကျပ် ၁၄၀၀၀၀၀၊ ဧရာမင်းဆန် ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၅၉၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

       မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၃၅၀၀၀၀၊  ဧရာမင်း(ဆန်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၀၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၂၀၀၀၀၀၊ ပေါ်ဆန်း(ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၉၀၀၀၀၊ မနောသုခ (စပါး)တင်း ၁၀၀လျှင် ကျပ် ၁၂၀၀၀၀၀၊ မနောသုခ(ဆန်) ၂၄ ပြည် တစ်အိတ်လျှင် ကျပ်၄၆၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

        ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဧရာမင်း(စပါး)တင်း ၁၀၀ လျှင် ကျပ် ၁၂၀၀၀၀၀၊  ဧရာမင်း (ဆန်)၂၄ပြည် တစ်အိတ်မှာ ကျပ် ၆၅၀၀၀၊ ပေါ်ဆန်း(စပါး) တင်း ၁၀၀လျှင် ကျပ် ၂၀၀၀၀၀၀၊ ပေါ်ဆန်း (ဆန်) ၂၄ပြည် တစ်အိတ်လျှင် ကျပ် ၆၅၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါသည်။

       ယခု နိုဝင်ဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှု မှာ ရန်ကုန်သို့ အိတ်ရေ ၁၆၁၅၀၀၊ မန္တလေး သို့ အိတ်ရေ ၂၂၃၉၀၀၊ မကွေး သို့ အိတ်ရေ ၄၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၄၈၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၃၇၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၃၆၅၀၀၊ စုစုပေါင်းအိတ်ရေ (၅၁၀၉၀၀)အိတ်၊ တန်အားဖြင့် (၂၅၅၄၅) စီးထွက်ခဲ့ပြီး၊ ယခင် စက်တင်ဘာ လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးမှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန် သို့ အိတ်ရေ ၂၁၈၉၀၀၊ မန္တလေး သို့ အိတ်ရေ ၂၈၄၆၀၀၊ မကွေး သို့ အိတ်ရေ ၅၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၁၀၀၀၊ ရှမ်း (တောင်)သို့ အိတ်ရေ ၄၉၀၀၀၊ ရှမ်း (မြောက်)သို့အိတ်ရေ ၄၉၀၀၀၊ စုစုပေါင်း အိတ်ရေ (၆၆၇၅၀၀)အိတ်၊ တန်အားဖြင့် (၃၃၃၇၅)စီးထွက်ခဲ့သည့်အတွက် ယခင်လနှင့် နှိုင်းယှဉ်လျှင် ယခုလတွင် အိတ်ရေ (၁၅၆၆၀၀) တန်အားဖြင့် (၇၈၃၀) လျော့နည်း စီးထွက်ခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)