ယခုဆောင်းရာသီအဝင်ကာလတွင် ရာသီအကူးအပြောင်း ရာသီတုပ်ကွေးများနှင့် ကလေး ငယ်များတွင် သွေးလွန်တုတ်ကွေးရောဂါများ ဖြစ်ပွားလျှက်ရှိရာ မကွေးမြို့ရှိ ဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျှက်ရှိကြသော အိမ်သုံးဆေးဝါးများနှင့် အိမ်သုံးအားဆေးများမှာ အောက်တိုဘာလ တတိယအပတ်မှ စတုတ္ထအပတ်အထိ ဒေါ်လာစျေးနှုန်းများ မြင့်တက်နေသဖြင့် ဆေးဝါးစျေးနှုန်းများမှာ မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။
မကွေးမြို့ပေါ်ရှိ စျေးကွက်အတွင်း ဖြစ်ပေါ်လျှက်ရှိသော အိမ်သုံးဆေးဝါးများနှင့် အိမ်သုံးအား ဆေးများ၏ စျေးနှုန်းများမှာ Decogin (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၁၉၅၀)၊ Biogesic (၁၀)လုံး ပါတစ်ကဒ်လျှင်ကျပ်(၉၅၀)၊ Amoxacillin အလုံး(၁၀၀)ပါတစ်ဗူးလျှင် ကျပ်(၂၈၀၀)၊ Cetrine (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၂၅၀)၊ ဓါတ်ဆား(MPF)တစ်ထုတ်လျှင် ကျပ်(၃၀၀)၊ Flemex (၁၀)လုံးပါတစ်ကဒ်လျှင် ကျပ်(၄၀၀၀)၊ Solmux (၄)လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၁၅၀)၊ Alexal (၁၀) လုံးပါတစ်ကဒ်လျှင် ကျပ်(၂၉၅၀)၊ Mexagrip (၄)လုံးပါတစ်ကဒ်လျှင် ကျပ်(၅၀၀)၊ Enorvonc (၄)လုံး ပါတစ်ကဒ်လျှင် ကျပ်(၁၅၄၀)၊ Oramin-G (၅)လုံးပါတစ်ကဒ်လျှင် ကျပ်(၂၇၅၀)၊ Becozine (၁၀)လုံး ပါတစ်ကဒ်လျှင် ကျပ်(၃၉၅၀)၊ Vitahome (၁၀)လုံးပါ တစ်ကဒ်လျှင် ကျပ်(၁၆၅၀)၊ Vitacee (၁၅)လုံး ပါတစ်ကဒ်လျှင် ကျပ်(၄၃၅၀)စျေးနှုန်းများဖြင့် အသီးသီးမြင့်တက်လျက်ရှိကြောင်း ဆေးဆိုင်များမှ လေ့လာသိရှိရပါသည်။
DOCA(မကွေး)