စစ်ကိုင်းခရိုင်မှ စိုက်ပျိုးထွက်ရှိသော ချည်မျှင်ရှည်ဝါ

Powered by Drupal

            စစ်ကိုင်းခရိုင်တွင် ချည်မျှင်ရှည်ဝါ၊ ချည်မျှင်တို ( မလှိုင်ဝါ၊ ဝါကြီး) တို့ စိုက်ပျိုးကြပါသည်။ ဝါမျိုးစုံ မျိုးကွဲအလိုက် မိုးကြိုတွင် ( ရွှေ-၈၊ ငွေ-၉)၊ မိုးတွင် ( ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) နှင့် မိုးနှောင်းတွင် ( ငွေ-၆၊ ရွှေ-၈၊ ငွေ-၉) မျိုးများကို စိုက်ပျိုးကြောင်း၊ ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးသီးနှံ (ချည်မျှင်ရှည်ဝါ) လျာထားဧက(၃၉၈၁၂)၊ အမှန်စိုက်ဧက(၄၀၁၈၆) ဖြစ်၍ (၁၁၀%) ၊ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ပါသည်။ ဝါသီးနှံ မျိုးစေ့ထုတ် စံပြကွက် ဧက (၃၁၅) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး၊ ဝါကောက်သိမ်းခြင်း (၃-၄) ကြိမ်ခန့် ပြုလုပ်ပြီးဖြစ်ကြောင်း၊ အထွက်နှုန်းမှာ ပျမ်းမျှအားဖြင့် (၅၅၀) ပိဿာခန့် ထွက်ရှိမည်ဟု ခန့်မှန်းကြောင်း၊ ချည်မျှင်ရှည်ဝါသီးနှံ စိုက်ပျိုးထုတ်လုပ်မှု၏ တစ်ဧကကုန်ကျစရိတ်အပေါ် ဝင်ငွေအနေဖြင့် တစ်ဧက အထွက်ပိဿာ (၅၀၀) ကို အခြေခံ၍ တစ်ပိဿာရောင်းဈေး (၂၀၀၀) ကျပ်ခန့် ဈေးနှုန်းထားတွက်လျှင် ကျပ် (၁၀)သိန်း ခန့် ဝင်ငွေရရှိပြီး တစ်ဧကကုန်ကျစရိတ် ကျပ်(၅)သိန်း ကုန်ကျလျှင် ကျပ်(၅)သိန်းခန့် အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရပါသည်။

          စိုက်ပျိုးထွက်ရှိသော ဝါများကို ကျေးရွာအရောက် ပွဲစားများက လာရောက်ဝယ်ယူ၍ ပြည်တွင်းသုံး ပုဂ္ဂလိက အသေးစားလုပ်ငန်းရှင်များသို့ ရောင်းချကြောင်း၊ ပြည်တွင်းသုံး ပုဂ္ဂလိက အသေးစားလုပ်ငန်းရှင်များအတွက် ဝါသီးသန့် ရောင်းချပြီး ပြည်ပဈေးကွက်အနေဖြင့် တရုတ်ပြည်သို့ ပြည်တွင်းဝါကြိတ်၍ ထွက်ရှိသော ဂွမ်းများကို တင်ပို့ရောင်း ချကြောင်း၊ ဝါနှင့်ဝါထွက်ပစ္စည်းဈေးနှုန်းများမှာ နေ့အလိုက် အတက်အကျ အပြောင်းအလဲရှိရာ နိုဝင်ဘာ ၃ ရက်နေ့က တစ်ပိဿာပေါက်ဈေးနှုန်းများမှာ ဝါ(၂၅၀ဝိ/-)၊ ဝါဂွမ်း (၆၀၀ဝိ/-)၊ ဝါစေ့ဆီ(၅၅၀ဝိ/-)၊ ဝါစေ့(၁၀၀ဝိ/-နှင့်ဝါစေ့ဖတ်(၉၀ဝိ/-) အသီးသီးရှိကြောင်း စစ်ကိုင်းမြို့နယ် ကျောက်ဆည်ကျေးရွာမှ ဝါကြိတ်စက်လုပ်ငန်းရှင် ဦးကျော်စိုးလွင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)