တမူးမြို့နယ်စပ်စခန်း၏ ကုန်သွယ်မှုအခြေအနေများ

Powered by Drupal

       စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ တမူးမြို့၊ နယ်စပ်ကုန်သွယ်ရေးစခန်းမှ ( ၁၀/၂၀၂၂ ) လအတွင်း သွင်းကုန် အမေရိကန်ဒေါ်လာသန်း ( ၀.၃၁၆ ) သန်း၊ တန်ချိန်အားဖြင့် ( ၁၆၈.၁၀၀ ) တင်သွင်းခဲ့ပြီး ယခုလတွင် သွင်းကုန်အနေဖြင့် ဓါတ်မြေသြဇာ ဖြစ်ပါသည်။ ပို့ကုန်အနေဖြင့် ကွမ်းသီးကို အမေရိကန် ဒေါ်လာသန်း ( ၀.၀၇၇ ) သန်းဖြစ်ပြီး တန်ချိန်အားဖြင့် ( ၈၉.၆၈၀ ) တန်၊ အုန်းသီးကို အမေရိကန်ဒေါ်လာသန်း ( ၀.၀၀၆ ) သန်း၊ တန်ချိန်အားဖြင့် ( ၅၄ ) တန်၊ စီးကရက် အမျိုးမျိုး အမေရိကန်ဒေါ်လာသန်း ( ၀.၀၅၁ ) သန်း၊ တန်ချိန်အားဖြင့် ( ၂၃.၇၂၈ ) တန်၊ နန်းဖာလုံ ကုန်စုံ အမေရိကန်ဒေါ်လာသန်း ( ၀.၂၆၆ ) သန်း တင်ပို့နိုင်ခဲ့ပြီး ပစ္စည်းတန်ချိန် ( ၁၆၇.၄၀၈ ) တန် တို့ဖြစ်ပါသည်။

     အောက်တိုဘာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန် လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၆.၁၅၀ သန်း ဖြစ်ပြီး အမှန်တကယ် ပို့ကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၄၀၀ သန်း တင်ပို့နိုင်ခဲ့သည့်အတွက် လျာထားချက်ထက် အမှန်တင်ပို့နိုင်မှုမှာ ရာခိုင်နှုန်းအနေဖြင့် ၆.၅၀ % သာ ရှိခဲ့ပါသည်။ သွင်းကုန်လျာထားချက်အနေဖြင့် အမေရိကန်ဒေါ်လာ ၀.၃၀၀ သန်း ဖြစ်ပြီး အမှန်တကယ် တင်သွင်းနိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၀.၃၁၆ သန်း အမှန်တင်သွင်း နိုင်ခဲ့ပြီး ရာခိုင်နှုန်းအနေဖြင့် ၁၀၅.၃၃ %  ရှိခဲ့ပါသည်။ အောက်တိုဘာလအတွင်း ပို့ကုန်ပမာဏထက် သွင်းကုန် ပမာဏ ပိုမိုခဲ့ကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)