ရွှေဘိုမြို့နယ်ရှိ ဈေးကွက်အတွင်း  ခရမ်းချဉ်သီး ဈေးနှုန်း တည်ငြိမ်လျက်ရှိ

Powered by Drupal

       ရွှေဘိုမြို့၌  ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများကို  ဒေသတွင်းမှ စိုက်ပျိုးထွက်ရှိသော ခရမ်းချဉ်သီးများအပြင် ၊နောင်ချို၊ အင်းလေးဘက်မှ ဝယ်ယူရောင်းချမှုများရှိသော်လည်း ယခုအခါတွင် သယ်ယူစရိတ်များသောကြောင့် ဈေးကွက်အတွင်းတွင် မိမိတို့ ဒေသမှထွက်သော ခရမ်းချဉ်သီးများကိုသာ အဓိကထား၍  အလုံး အကြီး၊အသေး ပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားလျက်ရှိကြောင်း  နိုဝင်ဘာလ ပထမပတ်တွင် ခရမ်းချဉ်သီး လက်လီ တစ်ပိဿာ ကျပ် ၂၄၀၀၊၂၅၀၀ ဈေးနှုန်းဖြင့် ရောင်းချကြပြီး ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စည်ပင်သာယာဈေးအတွင်းရှိ ခရမ်းချဉ်သီး ရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)