ဈေးကွက်အတွင်း၌ ခရမ်းချဉ်သီးဈေးနှုန်းမြှင့်တက်လျှက် ရှိ

Powered by Drupal

    စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကိုမိုင်းလုံးရပ်ကွက် ၊ မှုံပြာကျေးရွာ၊ လင်ဖုံလေးကျေးရွာများမှ အများဆုံးစိုက်ပျိုးကြသော်လည်း ယခုနှစ်အတွင်စိုက်ပျိုးနိုင်မှုလျော့ နည်းလာသဖြင့်ဈေးကွက်လိုအပ်ချက်အရ ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေး‌ဒေသဘက်မှ တင်သွင်းရောင်းချလျှက်ရှိကြောင်း ယခုနိုဝင်ဘာလပထမပတ်တွင်ဈေးကွက်အတွင်း ခရမ်းချဉ်သီး ဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်အောက် တိုဘာလပထမပတ်တွင် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၅၀၀)ကျပ်သာရှိခဲ့ပြီး  ယခင် အောက်တိုဘာလပထမပတ်နှင့် ယခုနိုဝင်ဘာလပထမပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် တစ်ပိဿာ လျှင်(၃၀၀)ကျပ်ခန့်မြှင့်တက်လာကြောင်း၊ ဈေးနှုန်းမြှင့်တက်လာရခြင်းမှာ စက်သုံးဆီဈေးနှုန်းများ မြှင့်တက်လာ၍ သယ်ယူစရိတ်မြှင့်မားလာခြင်းကြောင့်ဖြစ်သည်ဟု ခရမ်းချဉ်းသီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။

DOCA(ကယား)