ဈေးကွက်အတွင်းဖြစ်ပေါ်နေသော နဂါးမောက်သီးဈေးနှုန်း

Powered by Drupal

       ကယားပြည်နယ်တွင် ဒေသထွက်သီးနှံတစ်မျိုးဖြစ်သည့်  နဂါးမောက်သီးကို လွိုင်ကော် မြို့၊ မှုံပြာကျေးရွာ၊ ဘုရားဖြူကျေးရွာ၊ လောပိတကျေးရွာတို့တွင် မိသားစုအပိုဝင်ငွေရရှိစေရေး အတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြပြီး  ရှမ်းပြည်နယ်ကလောစသည်  ဒေသများတွင်လည်းတင်ပို့ရောင်းချ ကြပါသည်။ ယခုနိုဝင်ဘာလအတွင်းဖြစ်ပေါ်နေသော  နဂါးမောက်သီးဈေးနှုန်းမှာနဂါးမောက်သီး အလုံးသေးတစ်လျှင်(၁၀၀၀)ကျပ်ခန့်ရှိပြီး  နဂါးမောက်သီးအလုံးကြီးတစ်လုံးလျှင်(၁၅၀၀)ကျပ် ခန့်မြှင့်တက်နေကြောင်း ယခင်အောက်တိုဘာလအတွင်းနဂါးမောက်သီး အလုံးသေးတစ်လုံးလျှင် (၇၀၀)ကျပ်ခန့်သာရှိပြီး နဂါးမောက်သီးအလုံးကြီးတစ်လုံးတစ်လျှင်(၁၀၀၀)ကျပ်ခန့်သာရှိပြီး ယခင်အောက်တိုဘာလနှင့် ယခုနိုဝင်ဘာလနှင့်နှိုင်းယှဉ်လျှင် နဂါးမောက်သီးအလုံးသေးတစ်လုံး လျှင်(၃၀၀)ကျပ်ခန့် နဂါးမောက်သီးအလုံးကြီးတစ်လုံးတစ်လျှင် (၅၀၀)ကျပ်ခန့်မြှင့်တက်လာကြောင့် ဈေးနှုန်းမြှင့်တက်လာရခြင်းများ သယ်ယူစရိတ်မြှင့်မားလာခြင်းကြောင်းဖြစ်သည့်ဟု နဂါးမောက်သီးရောင်းချသူတစ်ဦးက ဆိုပါသည်။

 DOCA(ကယား)