
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ နံနက် ၀၉:၀၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ “ရွှေကံ့ကော်” မုန့်မျိုးစုံလုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရ သည်။
ထိုသို့ကွင်းဆင်းတွေ့ဆုံရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်များကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဒေသတွင်းရှိလုပ်ငန်းများအားလစဉ်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း၊လုပ်ငန်းရှင်များအနေဖြင့်မုန့်များထုတ်လုပ်ရာ၌အသုံးပြုသည့်ပါဝင်ပစ္စည်းများတွင်တားမြစ်ထားသည့်ဓာတု ပစ္စည်းများ ထည့်သွင်းအသုံးမပြုရန် နှင့် သန့်ရှင်းသပ်ရပ်စွာ ထုပ်ပိုးရောင်းချရန်၊ သက်ဆိုင်ရာဌာနများ၏ အမိန့်နှင့်ညွှန်ကြားချက်များကို သိရှိထားပြီး လိုက်နာဆောင်ရွက်သွားရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
