
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီ အချိန်တွင် ကော့သောင်းမြို့၊ စားသုံးသူရေးရာဦးစီဌာန ခရိုင်ဦးစီးမှူးရုံး၌အွန်လိုင်းလုပ်ငန်းမှတ်ပုံတင်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချနေသည့်လုပ်ငန်းရှင်အား အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် လုပ်ငန်းရှင်က အွန်လိုင်းရောင်းချခြင်းမှတ်ပုံတင်လျှောက်ထား ခြင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးမေးမြန်းရာ အွန်လိုင်းရောင်းချခြင်း မှတ်ပုံတင်လျှောက်ထား ရာ တွင် တင်ပြရမည့် အထောက်အထားများဖြစ်သည့် လုပ်ငန်းတည်ရှိသည့်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ(လုပ်ငန်းအမည်ပါရှိရန်) ပိုင်ရှင်အတွက် ရပ်ကွက်ထောက်ခံစာ (နေထိုင်ကြောင်းဖြစ်ရန်)၊ ရဲစခန်း ထောက်ခံစာ(ပိုင်ရှင်ပြစ်မှုကင်းရှင်းကြောင်း)၊ Business Logo ၊ ပိုင်ရှင် မှတ်ပုံတင်၊ ပတ်စ်ပို့တို့ကိုလိုအပ်မည်ဖြစ်ကြောင်း၊ မိမိလျှောက်ထားသည့် ပစ္စည်အမျိုးအစားနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
