အွန်လိုင်းအထည်ရောင်းဝယ်ရေးလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

   စားသုံးသူရေးရာဉီးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မှ စစ်ဆေးရေးအရာရှိ နှင့် မြို့နယ်တာဝန်ခံ တို့သည် အွန်လိုင်းမှတ်ပုံတင်လျှောက်ထားသည့် ပန်းတနော်မြို့နယ်,၊ သီဟလမ်းနှင့် ရွှေမြင်တင်ဘုရားလမ်း၊ အဘယ်ပိုင်းရပ်ကွက်တွင် ရောင်းချလျက်ရှိသည့် အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းလုပ်ငန်းသို့ (၁၇.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် မြေပြင်စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် စစ်ဆေးရေးအရာရှိ ဦးဇော်မင်းနှင့် မြို့နယ်ဦးစီးမှူးရုံးမှ ၊ ဦးအောင်ကျော်သက်တို့သည် မနန့်နွေးနွေးလှိုင်၏ အဝတ်အထည်အမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်း များရောင်းရာသော နေရာတွင် အွန်လိုင်းမှတ်ပုံတင်စနစ်တွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များ မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့်အခြား လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ လိုက်နာဆောင်ရွက်ရမည့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာ များနှင့်ပတ်သက်၍လည်း ရှင်းလင်းဆွေးနွေးခဲ့ပြီး  မြေပြင်စစ်ဆေးဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)