အောင်လံကုန်စည်ဒိုင်၏ သီးနှံရောင်းဝယ်ဖြစ်မှု အခြေအနေ

Powered by Drupal

‌      အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာဝင်(၁)အိတ်လျှင် နှမ်းနက် (စမုံ)မှာ ယခင်အပတ်(၂၇.၁၀.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၇၅၀၀၀)မှ ယခုအပတ် (၂.၁၁.၂၀၂၂)ရက်နေ့တွင် ကျပ်(၂၆၅၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀)ဈေးနိမ့်ပြီး နှမ်းပြာမှာယခင်အပတ် ကျပ်(၂၃၅၀၀၀) ယခု အပတ်ကျပ်(၂၃၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်၊ နှမ်းဖြူ ယခင်အပတ်ကျပ်(၂၅၅၀၀၀) ယခုအပတ် ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးနိမ့်၊ နှမ်းနီ ယခင်အပတ်ကျပ်(၂၄၀၀၀၀) ယခုအပတ် ကျပ်(၂၃၀၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀၀) အသီးသီးဈေးနိမ့်ကာ အရောင်းအဝယ်ပမဏ အနေဖြင့်  နှမ်းနက် (စမုံ) (၁၂၅၀)အိတ်၊ နှမ်းပြာ(၃၂၀)အိတ်၊ နှမ်းဖြူ(၈၀)အိတ်၊ နှမ်းနီ (၁၆၀)အိတ်တို့ အရောင်းအဝယ်ရှိ ခဲ့ကြောင်း ကုန်သည်များထံမှသိရပါသည်။

          ပဲမျိုးစုံဈေးကွက်အနေဖြင့် (၂၀)ပိဿာဝင် (၁)တင်းလျှင် ပဲတီစိမ်းမှာ ယခင်အပတ် ကျပ်(၄၉၀၀၀) ယခုအပတ် ကျပ်(၄၈၀၀၀)ဖြစ်၍ ကျပ်(၁၅၀၀)ဈေးနိမ့်ပြီး ပဲစဉ်းငုံ(နီ) ယခင်အပတ်ကျပ်(၆၀၀၀၀) ယခုအပတ်ကျပ်(၅၉၅၀၀) ဖြစ်၍ ကျပ်(၅၀၀) ဈေးနိမ့်ကာ အရောင်းအဝယ်အနေဖြင့် ပဲတီစိမ်းမှာ (၃၀)ပိဿာဝင် (၂၈၀၀)အိတ် ၊ ပဲစဉ်းငုံ(နီ) (၉၀၀)အိတ်တို့အရောင်းအဝယ်ရှိခဲ့ကြောင်း၊  မတ်ပဲမှာ (၂၀)ပိဿာဝင် (၁)တင်းလျှင် ယခင်အပတ် ကျပ်(၅၆၀၀၀) ယခုအပတ်ကျပ်(၅၆၀၀၀)၊ ကုလားပဲ (HL)နှင့် ကုလားပဲ(မြကြေး)မှာ ယခင်အပတ်ကျပ် (၆၃၀၀၀) ယခုအပတ်ကျပ် (၆၃၀၀၀)၊ ဘိုကိတ်ပြာ ယခင်အပတ်ကျပ် (၃၈၀၀၀)၊ ယခုအပတ် ကျပ်(၃၈၀၀၀)၊ ပဲကြီးမှာ ယခင်အပတ်ကျပ် (၇၈၀၀၀) ယခုအပတ်ကျပ် (၇၈၀၀၀)ဖြင့်အသီးသီးဈေးနှုန်းများ တည်ငြိမ် လျက်ရှိပြီး အရောင်းအဝယ် အနေဖြင့် (၃၀)ပိဿာဝင် မတ်ပဲ(၈၀)အိတ်၊ ကုလားပဲ(HL)(၄၅၀) အိတ်၊ ကုလားပဲ(မြကြေး) (၃၀၀)အိတ်၊ ဘိုကိတ်ပြာ(၁၉၀)အိတ်၊ ပဲကြီး(၇၀၀)အိတ်တို့အရောင်းအဝယ် ရှိခဲ့ကြောင်း မြေပဲလုံးဆံ(နီ) တစ်ပိဿာ လျှင် ယခင်အပတ် ကျပ်(၅၇၀၀) ယခုအပတ် ကျပ်(၅၃၅၀)ဖြစ်၍ ကျပ်(၃၅၀) ဈေးနိမ့်ကာ (၃၀) ပိဿာဝင် (၁၇၀၀)အိတ်  အရောင်းအဝယ်ရှိခဲ့ပြီး မြေပဲလုံးဆံဖြူမှာ ယခင်အပတ် ကျပ်(၅၄၀၀) ယခုအပတ်ကျပ် (၅၄၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်း မရှိဘဲ (၃၀) ပိဿာဝင် (၁၁၀၀) အိတ် အရောင်းအဝယ်ရှိခဲ့ကြောင်း၊ မြေပဲတောင့်အစို တစ်တင်းလျှင် ယခင် အပတ်ကျပ် (၂၃၀၀၀)၊ ယခုအပတ် ကျပ် (၂၂၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးနိမ့်ကာ တင်း(၅၅၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း သိရပါသည်။

          ဝါသီးနှံအနေဖြင့်လည်း ယခင်အပတ် တစ်ပိဿာလျှင် ကျပ်(၂၃၅၀)ယခုအပတ် ကျပ်(၂၃၀၀) ဖြစ်၍ ကျပ်(၅၀)ဈေးနိမ့်ကာ ဝါပိဿာချိန် (၇၀၀၀)ခန့် အရောင်းအဝယ်ရှိခဲ့ကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)