SME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်များ ထုတ်လုပ်နေသော လုပ်ငန်းခွင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်ဝိုင်းကျေးရွာ တွင် SME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှုလက်မှုထုတ်ကုန်များ ထုတ်လုပ်နေသော လုပ်ငန်းခွင်များသို့ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် ဒေသတွင်း လုပ်ငန်းဖွံ့ဖြိုူတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေး အသိပညာပေးခြင်းများကို ၁၅-၁၁-၂၀၂၅ ရက်နေ့ နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။

    တိုင်းဒေသကြီးဦးစီးမှူးရုံး၏ လမ်းညွှန်မှုဖြင့် ဒေသတွင်းထုတ်ကုန်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး  MSME အသေးစားအလတ်စား အိမ်တွင်းမှုစက်မှု လက်မှုထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသော စားသောက်ကုန်၊ အထည်အလိပ်၊ မွေ့ယာ။ လက်အိတ်နှင့် အဝတ်အထည်များ ထုတ်လုပ်သော ထုတ်ကုန်များ အဆင့်အတန်းမြင့်စွာ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်း မြို့ထွက် ထုတ်လုပ်သော အစားအသောက်များအား ပြည်သူများ စိတ်ချယုံကြည်စွာ စားသုံးနိုင်ရေးတို့အတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးကပြောသည်။

     ဒေသတွင်းထုတ်လုပ်သော စားသောက်ကုန်လုပ်ငန်းများမှထုတ်လုပ်သော ကုန်ပစ္စည်းများအား ၆လ တစ်ကြိမ် ထုတ်ကုန် နမူနာယူစစ်ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် တံဆိပ်တွင် ဖော်ပြမှုများကို လစဉ် စစ်ဆေးခြင်း ဈေးကွက်ရရှိနိုင်ရေး၊ ပြည်ပဝင်ငွေရရှိနိုင်ရေး ကောင်းမွန်သော ထုတ်ကုန်များ ဖြစ်စေနိုင်ရေး  စစ်ဆေးဆောင်ရွက်ရန် နမူနာများယူဆောင်သွားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)