ရွှေပြည်သာမြို့နယ်ရှိ ကျော်ဇေယျဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၅) ဦး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်း၍ (၁၉.၁၁.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) အချိန် တွင် ရွှေပြည်သာမြို့နယ်ရှိ ကျော်ဇေယျဆန်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျော်ဇေယျဆန်ဆိုင်ပိုင်ရှင်မှ မိမိတို့ဆိုင်တွင် ရောင်းချနေ သောဆန်များမှာ ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်း၊ ဧည့်မထ၊ ရက် (၉၀)၊ အညာသား၊ ကျားပျံနှင့် ဆင်းသုခတို့ကို သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချပါကြောင်း၊ မိမိတို့ရပ်ကွက်တွင် လက်လုပ်လက်စားများသောကြောင့် ဆန်ကိုအိတ်ဆွဲအဝယ်နည်းပြီး ပြည်လိုက်ကိုသာ အရောင်း သွက်ပါကြောင်း၊ My Ro မှတ်ပုံတင်ထားပါကြောင်း၊ ဈေးနှုန်းလည်း မြှင့်တင်ရောင်းချခြင်းမရှိပါကြောင်း၊ မိမိတို့ဌာနမှလည်း ဆိုင်ရှင်များအနေဖြင့် ဆန်များဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစား ရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများရှိခဲ့လျှင် အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)