
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ၊ မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် အဖွဲ့သည် မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်နှင့်အတူ ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ တွေ့ဆုံဆွေးနွေးပွဲကို (၁၅-၁၁-၂၀၂၅) ရက်နေ့ နေ့လယ်(၁၄:၀၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး ပန်းတနော်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအနေဖြင့် မှတ်ပုံတင်သက်တမ်းတိုဆောင်ရွက်ခြင်းလုပ်ငန်းများနှင့်၊ လစဉ် စပါးဆန် ရ၊ထုတ်၊ကျန် စာရင်းများကို လဆန်းရက်များတွင် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရန် နှင့် လကုန်ရက်များတွင် စားသုံးသူရေးရာဦးစီးဌာနသို့ စာရင်းပေးဆောင်ရွက်ရန်၊ မြေပြင်အမှန်စာရင်းနှင့် MyRo စာရင်းများ မကွာခြားပဲ မှန်ကန်စေရေးကို အထူးသိပြုဆောင်ရွက်နိုင်ရန်ကို ရှင်းလင်းဆွေးနွေးခြင်း၊ ပန်းတေနာ်မြို့နယ် ဆန်စက်လုပ်ငန်းရှင် မှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ထပ်ဆင့်ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက ဆန်စက်လုပ်ငန်းဆိုင်ရာကိစ္စများနှင့်ပတ်သက်၍ သိလိုသည်များ မေးမြန်း ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ဖြည့်စွက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ တက်ရောက်သူ ၂၀ဦးရှိကြောင်း သိရသည်။
DOCA(ဧရာဝတီ)
