ဟင်္သာတကုန်စည်ဒိုင် ရောင်းဝယ်မှု အခြေအနေ

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတကုန်စည်ဒိုင်သည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲပုတ်၊ အစေ့ထုတ် ပြောင်း၊ ပဲတီစိမ်း(အနီ)၊ ပဲယင်း(အနီ)စသော ပဲမျိုးစုံကို အဓိကထားရောင်းဝယ်ပြီး ဆန်နှင့်ဆန်ထွက် ပစ္စည်းများကိုပါ ရောင်းဝယ်လျက်ရှိသည့် ကုန်စည်ဒိုင်တစ်ခုဖြစ်ပါသည်။ မတ်ပဲသီးနှံသည် ဟင်္သာတခရိုင် နှင့် မြန်အောင်ခရိုင်တို့တွင် ဧကလေးသိန်းကျော်စိုက်ပျိုး၍ တန်ချိန်တစ်သိန်းကျော် ထွက်ရှိသည့်အတွက် ဟင်္သာတကုန်စည်ဒိုင်တွင် တစ်နှစ်ပတ်လုံး ရောင်းဝယ်မှုရှိပြီး၊ အစေ့ထုတ်ပြောင်းမှာ ရှစ်လခန့်၊ ပဲတီစိမ်း၊ ပဲလွန်း၊ ပဲပုပ်၊ ပဲတီစိမ်း(အနီ)၊ ပဲယင်း(အနီ)တို့မှာ စိုက်ဧကနည်းသည့်အတွက် ခြောက်လခန့်သာအရောင်း အဝယ်ရှိပါသည်။

       ၂၀၂၂ခုနှစ် မိုးစပါးများထွက်ရှိပြီး ဆောင်းသီးနှံသီးထပ်အဖြစ် မတ်ပဲစိုက်ချိန်ဖြင့်သော အောက်တို ဘာလကုန် နိုဝင်ဘာလဆန်းတွင် မတ်ပဲဈေးနှုန်းမှာ အနည်းငယ်ကျဆင်းခဲ့ကာ နိုဝင်ဘာ (၁)ရက်နေ့တွင် မတ်ပဲတစ်တင်းလျှင် ၅၆၅၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး ယခင်သီတင်းပတ်ထက် ၃၃၀၀ ကျပ်ကျ ဆင်းခဲ့ပါသည်။ ဒီပါဝလီပွဲတော်ပိတ်ရက်ကြောင့် အရောင်းအဝယ်အေးသည်အတွက် ဈေးနှုန်းကျဆင်းခြင်း ဖြစ်နိုင်ပြီး ပွဲတော်ပြီး၍ ပုံမှန်အရောင်းအဝယ်မှန်ချိန်တွင်ဈေးပြန်တက်နိုင်ကြောင်း ဝယ်ရောင်းသမားများ ခန့်မှန်းလျက်ရှိပါသည်။

       ၂၀၂၂ ခုနှစ် မိုးစပါးပေါက်ဈေးမှာ နိုဝင်ဘာ(၂)ရက်နေ့တွင် ဆင်းသုခ (၄၆) ပေါင်၊ အစိုဓါတ် ၁၄ ရာနှုန်း၊ တင်း(၁၀၀)လျှင် ဆယ်သိန်းကျပ်ဈေးပေါက်လျက်ရှိပြီး၊ ဆင်းသုခဆန် (၁၀၈) ပေါင်တစ်အိတ်လျှင် ၄၀၅၀၀ ကျပ်၊ ဆန်ကွဲ (1&Extra) တစ်အိတ်လျှင် ၃၇၀၀၀ ကျပ်၊ ဆန်ကွဲ(၁၊၂) ၁၀၈ ပေါင်တစ်အိတ်လျှင် ၃၆၅၀၀ ကျပ်၊ ဆန်ကွဲ (၂၊ ၃၊ ၄) ၁၀၈ပေါင် တစ်အိတ်လျှင် ၃၆၀၀၀ ကျပ်၊ ဖွဲနု ပေါင် (၇၀)တစ်အိတ်လျှင် ၁၈၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)