
၁၉.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံ မြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မုဒုံမြို့၊ အ.မ.က (အဲမွန်ဒယာ)ကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်သည့်အချက်များ၊ စားသုံးသူထိခိုက်နစ်နာ ဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအား ဟောပြောဆွေးနွေးခဲ့ပြီး ဟောပြောပွဲသို့ ဆရာ၊ ဆရာမ (၅) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (မွန်)
