ကံမမြို့နယ်ကျေးရွာများမှ ထွက်ရှိသည့် ဆောင်းပဲတီစိမ်းနှင့် မတ်ပဲ၊ ပဲကြီး ဈေးနှုန်း၊ ဈေးကွက် အခြေအနေ

Powered by Drupal

            ကံမမြို့နယ် မြောက်ချောင်းဘက်ရှိ ကျေးရွာများမှထွက်ရှိသည့် ပဲမျိုးစုံသီးနှံများအနက် ဆောင်းသီးနှံပဲတီစိမ်းမှာ ယခင်အောက်တိုဘာလ စတုထ္တပတ်တွင် ပဲတီစိမ်း (၃၀)ပိဿာဝင်တစ်အိတ် လျှင် ကျပ်(၆၇၀၀၀ မှ ၇၃၀၀၀)ထိ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနိုဝင်ဘာလ ပထမပတ်တွင် ပဲတီစိမ်းများ လှိုင်လှိုင်ပေါ်ထွက်နေသောကြောင့်(၃၀)ပိဿာဝင် တစ်အိတ်လျှင် (၆၉၅၀၀) ဈေးနှုန်းဖြင့် တစ်ပတ်လျှင် အိတ်ရေ (၁၀၀)ဝန်းကျင်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။

            မတ်ပဲသီးနှံမှာ ယခင်အပတ်တွင် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၉၀၀၀၀) ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၈၆၀၀၀) ဖြင့် ယခင်အပတ်ထက် ကျပ်(၄၀၀၀)၊ ပဲကြီးယခင်အပတ် (၃၀)ပိဿာဝင် တစ်အိတ်လျှင် ကျပ်(၁၂၀၀၀၀) ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၁၁၂၅၀၀)ဖြင့် ယခင်အပတ်ထက် ကျပ် (၇၅၀၀) အသီးသီးဈေးနှုန်းကျဆင်းသွားကြောင်း ရေနံ့သာကုန်သည် တစ်ဦးထံမှ သိရပါသည်။

DOCA(မကွေး)