စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Thusday Talk)အခမ်းအနားသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ(Virtual)စနစ်ဖြင့် တက်ရောက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့၊  မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်သည့် ဝန်ထမ်းစွမ်း ဆောင် ရည်မြှင့်တင်ရေးသင်တန်း(Thusday Talk)အခမ်းအနားသို့ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။

          အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Thusday Talk)ဖွင့်ပွဲ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး  စားသုံးသူရေးရာ ဦးစီးဌာနခွဲမှ ဦးစီးမှူး ဒေါ်အေးမင်းလတ် က  စားသုံးသူကာကွယ်ရေး ဥပဒေနှင့်နည်း ဥပဒေများ အကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ ညှိနှိုင်းဖြေရှင်းပေးခြင်းမပြုမီ ကြိုတင် ရှင်းပြ သင့်သည့်အချက်()ချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(-က) ပုဒ်မ(၄၆-) ပုဒ်မ(၅၀) ပုဒ်မ(၆၂) နှင့် ပုဒ်မ(၆၉)တို့ကို  အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး တိုင်း/ခရိုင်/ မြို့နယ်များ၏ မေးမြန်းချက်များရှိပါက မေးမြန်းနိုင်ပါကြောင်း နှင့် နိဂုံးချုပ်အမှာစကား အနေဖြင့် ဝန်ထမ်းများအနေဖြင့် လုပ်ခွင်ပျော်၍ လုပ်ငန်းတော်သော ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြ ပါစေလို့ ဆုတောင်းအမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(Thusday Talk) အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)