
၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၂၀ ရက်နေ့၊ မွန်းလွဲ(၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမအတွင်း ကျင်းပပြုလုပ်သည့် ဝန်ထမ်းစွမ်း ဆောင် ရည်မြှင့်တင်ရေးသင်တန်း(Thusday Talk)အခမ်းအနားသို့ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီး ဌာန အမှုထမ်းများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (Thusday Talk)ဖွင့်ပွဲ အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ ဒု-တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ဇင်မာဦး က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာ ဦးစီးဌာနခွဲမှ ဦးစီးမှူး ဒေါ်အေးမင်းလတ် က စားသုံးသူကာကွယ်ရေး ဥပဒေနှင့်နည်း ဥပဒေများ အကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်းများ ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၉)ပါ ညှိနှိုင်းဖြေရှင်းပေးခြင်းမပြုမီ ကြိုတင် ရှင်းပြ သင့်သည့်အချက်(၃)ချက်အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ(၂-က)၊ ပုဒ်မ(၄၆-ဃ)၊ ပုဒ်မ(၅၀)၊ ပုဒ်မ(၆၂) နှင့် ပုဒ်မ(၆၉)တို့ကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့ပြီး တိုင်း/ခရိုင်/ မြို့နယ်များ၏ မေးမြန်းချက်များရှိပါက မေးမြန်းနိုင်ပါကြောင်း နှင့် နိဂုံးချုပ်အမှာစကား အနေဖြင့် ဝန်ထမ်းများအနေဖြင့် လုပ်ခွင်ပျော်၍ လုပ်ငန်းတော်သော ဝန်ထမ်းကောင်းများ ဖြစ်နိုင်ကြ ပါစေလို့ ဆုတောင်းအမှာစကားပြောကြားခဲ့ပြီး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း(Thusday Talk) အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
