
စားသုံးသူရေးရာဦးစီးဌာန၊ မြင်းခြံခရိုင်ဦးစီးမှူးရုံးတွင် ၂၀၂၆ ခုနစ်၊ ဩဂုတ်လ(၁၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားအုန်းဆီစာအုပ်လာရောက်ဆောင်ရွက်သော သစ်ပင်ရှည်ကျေးရွာရှိ ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်း၍ ခရိုင်ဦးစီးမှူး ဦးသန်းစိုးမှ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ခရိုင်ဦးစီးမှူးက ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အခြေအနေများနှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုဝယ်ယူသုံးစွဲနိုင်မှသာ ဘေးကင်း လုံခြုံစိတ်ချရမှု ရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်များဝယ်ယူရာတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံ ချက်နှင့် ကုန်အညွှန်းအမှတ်အသားများ စိစစ်ရွေးချယ်ဝယ်ယူသုံးစွဲတတ်သည့် အလေ့အကျင့်များ ရှိရန်လိုအပ်ပါကြောင်း၊ ဆက်လက်၍ Online ဖြင့်ရောင်းဝယ်ခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေး ဆွေးနွေးရာတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုသည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင် မှုကိုဖြစ်စေ Online ကို အသုံးချပြီး အရောင်းအဝယ်ပြုလုပ်ခြင်းကို ဆိုလိုတာဖြစ်ပါကြောင်း၊ Online ရောင်းချခြင်း၏ အားနည်းချက်များ၊ အားသာချက်များကိုလည်းကောင်း၊ Online မှ ဝယ်ယူ သုံးစွဲခြင်းကြောင့် နစ်နာမှုများမဖြစ်ပေါ်စေရန် လုပ်ဆောင်သင့်သည့်အချက်များကိုလည်းကောင်း၊ အကယ်၍ နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာလျှင် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ တိုင်ကြားနိုင်သည့် နေရာများ၊ ဖုန်းနံပါတ်များကိုလည်းကောင်း တက်ရောက်လာသူများမှ Oline Shopping လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများရှိလျှင် မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား ခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျေးရွာသူ/ကျေးရွာသား(၆၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)
