ရွှေဘိုမြို့၏ ပျားလိမ္မော်ဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းနှင့် ဈေးကြီးအနီး ပတ်ဝန်းကျင်တွင် ရာသီအလိုက်သစ်သီးမျိုးစုံရောင်းချသည့်ဆိုင်ပေါင်း (၂၅)ဆိုင်ခန့်ရှိပြီး ဆယ့်နှစ်ရာသီ ပတ်လုံး ဥပုဒ်နေ့နှင့်နေ့ထူးနေ့မြတ်များမှလွှဲ၍ ကျန်သောနေ့များတွင် ဈေးကြီးအတွင်းရောင်းချပါက နေ့စဉ် နံနက်(၀၆:၃၀)နာရီအချိန်မှစတင်၍ ညနေ(၁၆:၃၀)နာရီအချိန်ထိရောင်းချနိုင်ပြီး ဈေးကြီး အပြင်ဘက်တွင် ရောင်းချသည့်ဆိုင်များအနေဖြင့် နံနက်(၀၅:၀၀)နာရီအချိန်စတင်၍မှ ညနေ (၁၇:၃၀)နာရီ အချိန်ထိ ရောင်းချကြကြောင်း သိရှိရပါသည်။

     ယခုအချိန်တွင် ရွှေဘိုမြို့ရှိ သစ်သီးရောင်းချသူများအနေဖြင့် ပျားလိမ္မော်သီး၊ နဂါးမောက်သီး၊ စပျစ်သီး၊ ပန်းသစ်တော်သီး၊ တယ်သီး၊ ဆေးပန်းသီး၊ လိမ္မော်သီးနှင့် ကမ္ပလာသီးများ ရောင်းချလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ရွှေဘိုမြို့တွင်ရောင်းချလျက်ရှိသည့် ပျားလိမ္မော် သီးများကို မန္တလေးမြို့မှတစ်ဆင့်မှာယူရောင်းချပြီး ပျားလိမ္မော်သီးများသည် ယခုကာလ၌ အခြားသစ်သီးများထက် ရောင်းချရသည့် အချိန်ကာလ များသောသစ်သီးဖြစ်ကြောင်း၊ ပျားလိမ္မော်တစ်ခြင်းလျှင် (၁၀)ပိဿာ ပါရှိကြောင်း၊ ရွှေဘိုမြို့သည် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအပြင် ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးထုတ်လုပ်သည့် သီးနှံများရောင်းချခြင်း၊ မိမိအိမ်အတွက် လိုအပ်သောပစ္စည်းများ လာရောက်ဝယ်ယူခြင်းနှင့် တစ်ဆင့် ပြန်လည်ရောင်းချရန်ဝယ်ယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဈေးကွက်အချက်အချာကျသည့် မြို့တစ်မြို့ဖြစ်သော်လည်း ယခုလိုရာသီတွင် ဈေးသည်တစ်ဦးအနေဖြင့် ယခင်နှစ်များက တစ်ရက်လျှင် (၁၀)ခြင်းခန့် ရောင်းကုန်သော်လည်း ယခုနှစ်တွင် (၁)ခြင်းခန့်သာ ရောင်းရပြီး အရောင်းအဝယ် အေးကြောင်း၊ တစ်ပိဿာ လျှင် လက်လီ(၁၁၀၀ဝိ/-)နှင့် လက်ကား(၉၀၀ဝိ/-) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)