ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ ဓာတ်မြေဩဇာနှင့်ဘိလပ်မြေဈေးနှုန်းအခြေအနေ

Powered by Drupal

      ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ ဈေးကွက်တွင် နိုဝင်ဘာလ ဒုတိယပတ်၌ ဓာတ်မြေဩဇာ ဈေးနှုန်းများမှာ ပုလဲ(MEP) (50)kg တစ်အိတ်လျှင်(၉၇၀၀၀)ကျပ်၊ တီဆူပါ(လေဆာ) (50)kg တစ်အိတ်လျှင်(၁၉၀၀၀)ကျပ်၊ ယူရီယား(မြင်းပျံ) (50)kg တစ်အိတ်လျှင် (၈၇၀၀၀)ကျပ်၊ တီဆူပါ (may) (50)kg တစ်အိတ်လျှင် (၁၉၀၀၀)ကျပ်၊ ချာန(သုံးမျိုးစပ်) (50)kg တစ်အိတ်လျှင် (၁၄၂၀၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဓာတ်မြေဩဇာ ဈေးနှုန်း များမှာ ပုလဲ(၄၆%) (50)kg တစ်အိတ်လျှင် (၁၃၁၄၀၀)ကျပ်၊ ပုလဲ(၁၅ပတ်လည်) တစ်အိတ်လျှင် (၁၂၃၅၀၀)ကျပ်၊ ကွန်ပေါင်း (50)kg တစ်အိတ်လျှင် (၁၂၃၅၀၀)ကျပ် ဖြစ်ပါသည်။

    ကျိုင်းတုံမြို့အတွင်းရှိ နိုဝင်ဘာလ ဒုတိယအပတ်  ဘိလပ်မြေဈေးနှုန်းများအနေဖြင့် ကျား တံဆိပ် (40)kg တစ်အိတ်လျှင် (၁၃၅၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၄၅၀၀)ကျပ် ဖြစ်ပါသည်။ တာချီလိတ်မြို့အတွင်းရှိ ဘိလပ်မြေ ဈေးနှုန်းများမှာ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၁၀၃၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ် လျှင် (၁၁၁၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၁၁၁၀၀)ကျပ် ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဓာတ်မြေဩဇာဈေးနှုန်းများမှာ ယခင်အောက်တိုဘာလ ဒုတိယပတ်ထက် အနည်းငယ် ကျဆင်းပြီး၊ ပုလဲ(၁၅ပတ်လည်) တစ်မျိုးသာလျှင် ဈေးနှုန်း အနည်းငယ် မြင့်တက်လျက်ရှိပါသည်။ ဘိလပ်မြေဈေးနှုန်းများမှာလည်း ယခင်လဒုတိယပတ်ထက် အနည်းငယ်မြင့်တက်လျက်ရှိသည်ကို သိရှိရပါသည်။

DOCA(ရှမ်း)