တောင်ပေါ်ဒေသမှ ထွက်ရှိသော ပေါ်ဦးပေါ်ဖျား မျောက်ငိုသီး စျေးကောင်းရနေ

Powered by Drupal

        နိုဝင်ဘာလဆန်းပိုင်းမှစ၍ တောင်ပေါ်ဒေသဖြစ်သော တီးတိန်၊ ဟားခါး၊ တွန်းဇံမြို့ အနီးတစ်ဝိုက်တွင် မျောက်ငိုသီးများ စတင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ မျောက်ငိုသီးများ စျေးကွက်ဝင်လာတဲ့အတွက် တောင်ပေါ်ဒေသရှိ တောင်းဇောင်းများ၌ ခြံများဖြင့် ပိုမိုစိုက်ပျိုးမှုများ ရှိလာကြောင်း သိရသည်။

       ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် မျောက်ငိုသီး တစ်တောင့်လျှင် ယခုပေါက်ဈေးအနေဖြင့် ( ၃၀၀ မှ ၄၀၀ ) ကျပ်စျေးနှုန်းဖြင့် ချင်းတောင်ဒေသများမှ ဆိုင်ကယ်များဖြင့် ရောင်းချလျက်ရှိပြီး တမူးမြို့၊ နန်းဖာလုံစျေးသို့သာရောင်းချပါကြောင်း၊ တောင်ပေါ်ဒေသမှ ထွက်ရှိသည့် မျောက်ငိုသီး အတောင့်များသည် နှစ်စဉ်စျေးကောင်းရလျှက်ရှိပြီး ဈေးကွက်အတွင်းမှ သိရှိရသည်။   

      မျောက်ငိုသီးစျေးကွက်သည် ယခင်က တမူးမြို့၊ နန်းဖာလုံတွင်သာစျေးကွက်ရှိပြီး ယခုအခါတွင် အောက်ပိုင်းဒေသများသို့ မျောက်ငိုသီးစေ့ ဆားရေစိမ်ဗူးများကို တင်ပို့ရောင်းချလျက်ရှိပါသည်။ အိန္ဒိယနိုင်ငံတွင် မျောက်ငိုသီးကို ကသည်းလူမျိုးနှင့် ဘန်ဂါလူမျိုးများ အများစု စားသုံးကြပါကြောင်း၊ ၎င်းလူမျိုးအများစုသည် မျောက်ငိုသီးစားသုံးခြင်းဖြင့် ခန္ဓာကိုယ်မှ အပူ၊ အပုပ်၊ အညစ်အကြေးများ ကင်းစင်သည့်အတွက် စားသုံးကြခြင်းဖြစ်ကြောင်း၊ စျေးကွက်အနေဖြင့် မျောက်ငိုသီးများမှာ အိန္ဒိယ နိုင်ငံ၊ အင်ဖာမြို့သို့သာ အဓိကတင်ပို့ရောင်းချလျှက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံ၏ ဓလေ့ထုံးတမ်း စဉ်လာများအရ သီးနှံစားပွဲတော်များ ကျင်းပလျှက်ရှိပါကြောင်း၊ ၎င်းပွဲတော်များရှိသည့် ကာလများတွင် ပိုမိုအရောင်းသွက်ပါကြောင်း၊ မျောက်ငိုသီးအတောင့် စျေးကွက်သည် ( ၁၁/၂၀၂၂ ) လမှ ( ၄/၂၀၂၃ ) လ ပတ်ဝန်းကျင်ခန့်အထိ အရောင်းအဝယ်ဖြစ်နိုင်ပါကြောင်း၊ တမူးမြို့၊ ကလေးမြို့နှင့် အခြား ဒေသများမှ ထွက်ရှိသော မျောက်ငိုသီးများ လှိုင်လှိုင်ထွက်ပေါ်လာ၍ အုပ်စုလိုက်ဖွဲ့၍ မျောက်ငိုသီး အရောင်းအဝယ်ပြုလျက်ရှိပါကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)