တောင်တွင်းကြီးမြို့၌ ကုန်စည်ဒိုင်တွင် ဆောင်းပဲတီစိမ်းများ အနည်းငယ်ကျ

Powered by Drupal

      မကွေးတိုင်း‌ဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့၌ဆောင်းပဲတီစိမ်းများ စျေးကွက်သို့ ဝင်ရောက်ပြီး ပေါ်ဦးပေါ်ဖျား စျေးကောင်းရလျှက်ရှိကြောင်း၊  အညာဒေသတွင် မိုးနှောင်းသီးနှံအဖြစ် ဆောင်းပဲတီစိမ်းများသည် အောက်တိုဘာလတွင် စတင်ပေါပြီး ပေါ်ဦးပေါ်စ စျေးနှုန်း ပိဿာ(၂၀) တစ်တင်းကို ကျပ်(၄၉၀၀ဝ) စျေးကောင်းရရှိကြောင်း သိရှိရသည်။

         တောင်တွင်းကြီးကုန်စည်ဒိုင်၌ အောက်တိုဘာလ (၂၈)ရက်နေ့တွင် ပဲတီစိမ်း ပိဿာ(၂၀) တစ်တင်းလျှင် ကျပ်(၄၈၅၀၀)ဖြစ်ပြီး နိုဝင်ဘာလ (၃)ရက်နေ့တွင် ပိဿာ(၂၀) တစ်တင်းလျှင် ကျပ်(၄၇၅၀၀)ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်တစ်ပတ်နှင့် နှိုင်းယှဉ်ပါက ပဲတီစိမ်း ပိဿာ(၂၀) တစ်တင်းလျှင် ကျပ်(၁၀၀၀) စျေးကျလျှက်ရှိကြောင်း ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(မကွေး)