တောင်ငူမြို့ရှိ အခြေခံစားကုန်ဖြစ်သော အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီဈေးကွက်

Powered by Drupal

     တောင်ငူမြို့ရှိ ကုန်စုံဆိုင်များတွင် ယခုအပတ်တွင် အာလူး ဂေါ်လီစ တစ်ပိဿာလျှင် ၁၈၀၀ ကျပ်မှ ၁၉၀၀ ကျပ်၊ အသေးတစ်ပိဿာလျှင်၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်၊ အလတ်တစ်ပိဿာလျှင် ၂၄၀၀ ကျပ်မှ ၂၅၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၂၆၀၀ ကျပ်မှ ၂၈၀၀ ကျပ်အထိ ဈေးနှုန်းအနည်းငယ် မြင့်တက်လာပါသည်။

     ကြက်သွန်နီမှာ အသေး တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၄၀၀ ကျပ်၊ အလတ် တစ်ပိဿာ လျှင် ၃၆၀၀ ကျပ်မှ ၃၈၀၀ ကျပ်နှင့် အကြီးတစ်ပိဿာလျှင် ၄၃၀၀ ကျပ်မှ ၄၅၀၀ ကျပ်အထိ ဈေးနှုန်း အနည်းငယ်မြင့်တက်လာပါသည်။

     ကြက်သွန်ဖြူမှာလည်း အသေး တစ်ပိဿာလျှင် ၃၂၀၀ ကျပ်မှ ၃၄၀၀ ကျပ်၊ အလတ် တစ်ပိဿာလျှင် ၃၈၀၀ ကျပ်မှ ၄၀၀၀ ကျပ်နှင့် အကြီး တစ်ပိဿာလျှင် ၄၁၀၀ ကျပ်မှ ၄၅၀၀ ကျပ် အထိ ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်းနှင့် ၃ ပိဿာနှင့်အထက်ဝယ်ယူပါက ဈေးနှုန်းအနည်းငယ် လျှော့ပေးမည်ဖြစ်ကြောင်း ပွဲရုံများနှင့် ကုန်စုံဆိုင်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)