ဖြူးမြို့မှ ဒေသတွင်း လူကြိုက်များသည့် စာကလေးခွေ(ခေါ်) ပဲချောင်းခွေလုပ်ငန်း

Powered by Drupal

            တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ဆီကြော်မုန့်လုပ်ငန်းများနှင့် ပဲကြော် လုပ်ငန်းများ လုပ်ကိုင် လျက်ရှိပါသည်။ ထိုလုပ်ငန်းများထဲတွင်  စာကလေးခွေကြော် (ခေါ်)ပဲချောင်းခွေကြော် လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ စာလေးခွေဆီကြော်မုန့် ပြုလုပ်ရန်အတွက် လိုအပ်သော ကုန်ကြမ်း ပစ္စည်းများမှာ ကုလားပဲမှုန့်၊ ကော်မှုန့်၊ စားအုံးဆီနှင့် ဆားအနည်းငယ်တို့ဖြစ်ပါသည်။

              စာကလေးခွေဆီကြော်မုန့်ပြုလုပ်ပုံမှာ ကုလားပဲမှုန့်၊ ကော်မှုန့်နှင့် ဆားတို့အား အချိုးကျ သမစွာပေါင်းစပ်၍ အခွေပုံစံလေးရအောင် ပုံစံခွက်ထဲတွင်ထည့်၍ ဆီနှင့် ကြော်ပြီးသောအခါတွင် အခွေ ပုံစံ စာကလေးခွေ ကြော်လေးများရရှိပါသည်။

              စာကလေးခွေ ထုပ်ပိုးမှုပုံစံအား ပုံစံ(၂)မျိုးဖြင့် ထုပ်ပိုးထားသည်ဟု သိရှိိရပါသည်။ ရရှိလာ သော စာကလေးခွေများအား ပလတ်စတစ်အိတ်ဖြင့် ပါကင်ထုပ်၍တစ်မျိုး၊ ဘူးတွင်ပါကင်ပိတ်၍ တစ်မျိုး ထုတ်လုပ်ထားကြောင်း သိရှိရပါသည်။

              ဈေးနှုန်းဈေးကွက်အနေဖြင့် ပလတ်စတစ်ဖြင့်ထုပ်ပိုးထားသော စာကလေးခွေ တစ်အိတ် လျင် (၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပြီး ပါကင်ဘူးဖြင့် ထုပ်ပိုးထားသော စာကလေးခွေ တစ်ဘူးလျင် (၁၄၀၀) ကျပ်နှုန်းဖြင့် ရောင်းချပါသည်။

             ဈေးကွက်အနေဖြင့် ဖြူးမြို့အနီးတဝိုက်ရှိ မြို့များဖြစ်သော ညောင်ပင်သာ၊ ကညွတ်ကွင်း နှင့်ဇေယျဝတီမြို့များသို့ ဖြန့်ဖြူးရောင်းချသည့် အပြင် (၁၁၅) မိုင် ယာဉ်ရပ်နားစခန်းရှိ စားသောက် ဆိုင်များသို့ပါ ရောင်းချလျက်ရှိပြီး တစ်နေ့လျင် စာကလေးခွေ အထုပ် (၁၅၀) မှ (၂၀၀) ဝန်းကျင်ထိ ထုတ်လုပ်နိုင်ကြောင်း အေးအေးခိုင် နှစ်ပြန်ကြော်လုပ်ငန်းပိုင်ရှင် ဒေါ်အေးအေးခိုင်၏ ပြောကြား ချက်အား တင်ပြလိုက်ရပါတယ်။

DOCA(ပဲခူး)