
၂၄.၁၁.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် “စားဖိုမှူး” အမှတ်တံဆိပ် ငရုတ်ဆီ လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်မြို့နယ်တာဝန်ခံက ကုန်အညွှန်းအမှတ်အသားဖော်ပြချက်အား စားသုံးသူကာကွယ်ရေးဥပဒေနှင့်အညီ ဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက်မရောက်မီ စစ်ဆေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA (မွန်)
