![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/15.25.jpg?itok=l0-VhlUe)
မကျည်းတောပဲမြစ်ကို မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် မကျည်းတော ကျေးရွာမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိပြီး ၎င်းရွာမှထွက်သော ပဲမြစ်များသည် အခြားဒေသများမှ ထွက်သော ပဲမြစ်များထက် အရွယ်အစားသေးပြီး အရသာမှာ ဆိမ့်၍ စေးပိုင်နေသောကြောင့် ဆောင်းရာသီ ပဲမြစ်ပေါ်ချိန်တွင် မကျည်းတောပဲမြစ်မှာ လူကြိုက်များသော အစားအစာတစ်မျိုးဖြစ်ပါသည်။
ရွှေဘိုမြို့တွင် ယခု နိုဝင်ဘာ ဒုတိယပတ်တွင် ပေါ်ဦးပေါ်ဖျား မန်ကျည်းတော ပဲမြစ်များ ဝင်ရောက်လာ၍ တစ်ပိဿာလျှင် ၃၀၀၀ကျပ်မှ ၃၅၀၀ကျပ်ထိ ဈေးကောင်းရ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(စစ်ကိုင်း)