ကကတစ်ငါး(ကပေါင်း) ဈေးကွက်အကြောင်း တစေ့တစောင်း

Powered by Drupal

        ကကတစ်ငါး (ကပေါင်း)ကို မြိတ်မြို့၌ ‌ရေချိုတွင်လည်းကောင်း၊ ရေငန်တွင်လည်းကောင်း၊ ရေချိုရေငန်အစပ်တွင်လည်းကောင်း စီးပွားဖြစ် မွေးမြူကြပြီး မြေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်ပြင်တွင် လှောင်အိမ်ဖောင်များဖြင့် မွေးမြူလျက်ရှိပါသည်။ ကကတစ်ငါး (ကပေါင်း)ကို ငါးသားပေါက် (၁၀၀၀၀)ခန့်မွေးမြူးလျှင် စုစုပေါင်းကုန်ကျစရိတ်မှာ (၂၉၄,၀၀,၀၀၀/-)ကျပ် ကုန်ကျမည် ဖြစ်ပြီး၊ ငါးဖော်ချိန်၌ ကကတစ်ငါး(ကပေါင်း) (အရှင်) ၈၀ ရာခိုင်နှုန်း အောင်မြင်ပါက ရရှိနိုင်မည့် အကျိုးအမြတ်မှာ (၅၆၀,၀၀,၀၀၀/-)ကျပ်ခန့်ရရှိ၍ အသားတင်အမြတ်အစွန်းမှာ (၂၃၈,၀၀,၀၀၀/-)ခန့် ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

      ၂၀၂၁-၂၀၂၂ ခုနှစ်၌ မြိတ်ဒေသတွင် ကကတစ်ငါး (ကပေါင်း) တစ်ပိဿာလျှင် (၆၀၀၀)ကျပ် မှ (၈၀၀၀)ကျပ်ဈေးအထိ ရရှိခဲ့ပြီး၊ ယခုနှစ် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စက်သုံးဆီဈေးနှုန်းနှင့် ငါးအစာဈေးနှုန်းများ မြင့်တက်လာသည့်အတွက် မွေးမြူသည့်ကုန်ကျစရိတ်မှာလည်း ယခင်နှစ် ထက် ပိုမိုကုန်ကျခဲ့သည့်အတွက် ရောင်းချရသည့်တန်ဖိုးမှာ တစ်ပိဿာလျှင်  (၁၂၀၀၀)ကျပ် မှ (၁၅၀၀၀)ကျပ်ခန့် အထိရရှိခဲ့ပါသည်။ ကကတစ်ငါး (ကပေါင်း)ကို ဒေသတွင်းစားသုံးရန် ရောင်းချပြီး၊ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများသို့ အအေးခန်းကွန်တိန်နာဖြင့် တင်ပို့ရောင်းချလျက်ရှိကြောင်း ကကတစ်ငါး(ကပေါင်း)မွေးမြူလုပ်ကိုင်သူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)