နိုဝင်ဘာလပထမပတ်တွင် ပြည်မန်ကျည်းမှည့် အရောင်းအဝယ်အေးနေကြောင်း သိရှိရပါသည်။ ရန်ကုန်နှင့် ရခိုင်ဝယ်လက်တို့မှလည်း အစွဲအေးနေတယ်ကြောင်း သိရှိရပါသည်။ ဒေသတွင်းဈေးများရှိ လက်လီ အရောင်းဆိုင်များ၏ လိုသလောက်ပိဿာစွဲလောက်သာ အဝယ်ရှိနေသောကြောင့် အရောင်း အဝယ်ပြန်အေးသွားကြောင်း သိရှိရပါသည်။ နိုဝင်ဘာ ပထမပတ် မန်ကျည်းမှည့်လက်ကားဈေး တစ်ပိဿာလျှင် ၄၃၀၀ကျပ်ဈေးဖြစ်ပြီး လက်လီဈေးများတွင် တစ်ပိဿာ ၄၅၀၀-၄၈၀၀ကျပ်ဈေးတို့ဖြင့် ရောင်းချလျက်ရှိပါသည်။
ရှမ်းအာလူးများ ပြည်ဈေးကွက်သို့ တစ်ပတ်လျှင် ပိဿာ ၂၅- ၃၀ ဝင်ဆံ့သော အိတ် ၁၀၀ - ၁၅၀ ခန့် အောင်ပန်းမြို့မှ ပုံမှန်အဝင်ရှိကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် ဒေသတွင်း လက်လီ/ လက်ကား ဝယ်ယူသူများနှင့် အနီးအနားရှိမြို့များမှလက်ကားဝယ်ယူသူများဖြင့်တန်ဆောင်မုန်းလ ကထိန် ရာသီတွင် အရောင်းသွက်ခဲ့ပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလဆန်းမှစ၍ လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၂၀၀၀ - ၂၂၀၀ - ၂၃၀၀၊ လက်လီဈေး ကျပ် ၂၄၀၀ - ၂၈၀၀ ဖြင့် ယခု နိုဝင်ဘာလ ဆန်းပိုင်းအထိ ဈေးငြိမ်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)