ဖျာပုံမြို့နယ်တွင် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

         ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် FDA ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာန ဦးစိုးမင်းထိုက်နှင့် ဝန်ထမ်းတို့သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ(၂၅) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် ဈေးကွက်အတွင်း ရောင်းချနေသော ဆေးဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

     အဆိုပါ စစ်ဆေးရာတွင် လက်ရှိဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးပစ္စည်းများတွင် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံမှု ရှိ/မရှိနှင့် တရားဝင် မှတ်ပုံတင်ထားသော ဆေးဝါးများရောင်းချရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမပြုကြရန်၊ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအနေဖြင့် ဆေးဝါးများအား ဝယ်ယူစုဆောင်းသိုလှောင်မှုမရှိဘဲ လိုအပ်သည့်ဆေးဝါးများကို အပတ်စဉ် ဝယ်ယူရောင်းချလျက်ရှိပါသည်။ အဖွဲ့အနေဖြင့်လည်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်၍ ဝယ်ယူစုဆောင်း သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)