ဖျာပုံမြို့နယ်ရှိ မုန့်ဖတ်လုပ်ငန်းများသို့ ကွင်းဆင်းစိစစ်

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်(၂၅.၁၁.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၀၀) နာရီအချိန်တွင် FDA၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြို့နယ်အတွင်းရှိ မုန့်ဖတ်လုပ်ငန်းများသို့ ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          စားသုံးသူရေးရာဦးစီး ဌာနမှ ဒု-ခရိုင်ဦးစီးမှူး ဦးစိုးမင်းထိုက်က စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် “ဖော်မလင်” ကဲ့သို့သော ဓာတုဆေးဝါးများ အသုံးမပြုစေရေး၊ စားသုံးသူထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဌာနမှ ထုတ်ပြန်ထားသော ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်နိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့် တားမြစ်ချက်များအကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး FDA မှ မုန့်ဖတ်ထုတ်လုပ်သည့် ကုန်ကြမ်း၊ ထုတ်လုပ်ပုံအဆင့်ဆင့်၊ ထွက်ရှိလာသော မုန့်ဖတ်များတွင် ကြာရှည်ခံဆိုးဆေးများ ပါဝင်မှုရှိ/ မရှိ၊ ဓာတ်ခွဲစမ်းသပ်ခဲ့ကြောင်း ကွင်းဆင်းစိစစ်မှုအရ သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)