ပုသိမ်ခရိုင် ငပုတောမြို့နယ်  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ငပုတောမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းအား (၂၆.၁၁.၂၀၂၅)ရက်နေ့ ညနေ(၁၅:၀၀)နာရီအချိန်တွင် မြို့နယ်တာဝန်ခံနှင့်  မြို့နယ်ဆီလုပ်ငန်းရှင်များအသင်းတို့ သွားရောက်တွေ့ဆုံ၍ စားသုံးသူပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီဝယ်ယူရရှိနိုင်ရန်အတွက် ကိုယ်စားလှယ်များအား အပတ်စဉ်ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

          ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဆီကိုယ်စားလှယ်များအား မိမိတို့အနေဖြင့် စားသုံးသူပြည်သူများသို့ သက်သာသောဈေးနှုန်းများဖြင့် စားအုန်းဆီများကို ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့်ရောင်းချပေးနိုင်ပါရန် ဆွေးနွေးပြောကြားခဲ့ပါသည်။  မိမိတို့ရောင်းချနေသော ဆိုင်များတွင်လည်း  ခွဲတမ်းရရှိသော စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချကြရန်၊ ဗွီနိုင်းချိတ်ဆွဲထားရှိကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာရောင်းချကြရန်  စားအုန်းဆီကိုယ်စားလှယ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)