မြို့သစ်မြို့၌ အခြေခံစားကုန် ဆန်များအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချ

Powered by Drupal

            မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာနေ ပြည်သူများ စားဝတ် နေရေးအဆင်ပြေစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများသည် (၂.၁၁.၂၀၂၂)ရက်နေ့ နံနက်(၀၇:၀၀)နာရီတွင် မြို့သစ်မြို့ ၊ရွှေလရောင်ကွက်သစ်ရပ်ကွက်၊ မြို့မစျေးအနီး၊ မီးသတ်ဦးစီးဌာနရုံးရှေ့တွင် အခြေခံစားကုန်ဆန်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရပါသည်။

         မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ယူကာ အခြေခံစားကုန်ဖြစ်သည့် ဆန်ကိုသက်သာစွာဖြင့် ဆန်တစ်ပြည် ကျပ်(၁၅၀၀)ဖြင့် လူတစ်ဦးလျှင် (၆)ပြည်နှုန်း ဆန်အိတ်အလုံး(၂၀၀)အား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မကွေး)