အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk Show ပြုလုပ်ခြင်း

Powered by Drupal

         ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တာဝန်ခံ ဒေါ်လဲ့လဲ့ဌေးနှင့်ဝန်ထမ်းများသည် (၁.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၂း၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု Commnity Centre ခန်းမတွင် စားသုံးသူပြည်သူများ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းအား အသိပညာပေး Talk show ပြုလုပ်ခဲ့ကြောင်း သိရသည်။

          ဟောပြောပွဲတွင် ဒေါ်လဲ့လဲ့ဌေး(ဒုဦးစီးမှူး)က အွန်လိုင်းရောင်းချမှုနှင့်ပတ်သက်၍ အများပြည်သူများသိသင့်သိထိုက်သည့်အချက်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ စားသုံးသူရေးရာဦးစီးဌာန၏ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပါသည်။   စားသုံသူရေးရာဦးစီးဌာနအနေဖြင့် အွန်လိုင်းရောင်းဝယ်မှုကဏ္ဍများတွင် စားသုံးသူ၏အခွင့်အရေးများ ထိခိုက်နစ်နာပါက စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉) အပါအဝင် အခြားတည်ဆဲဥပဒေများနှင့် အညီ သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်း၍ စားသုံးသူတိုင်ကြားမှုများကို (www.doca.gov.mm) ၊  Facebook Pages ၊  Messenger နှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)