သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲ 

Powered by Drupal

          သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစည်းအဝေးခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားကို စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်နှင့် တကွအရာထမ်းအမှုထမ်းများ၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီတွဲဖက်အတွင်းရေးမှူး ဦးလျှံကျင့်မန်၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာသိန်းနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရပါသည်။ အခမ်းအနားစတင်ချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်လွင်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ် မှုကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးလျှံကျင့်မန်က ကော်မတီ၏လုပ်ငန်းဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စန္ဒာသိန်းက ဌာနဆိုင်ရာလုပ်ငန်းစဉ်များ၊ ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပ‌ဒေ၊လုပ်ထုံးလုပ်နည်းများနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်ဝါဝါခိုင်က သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သတ်၍ စားသုံးသူနစ်နာမှုမရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးခဲ့ကာ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)