ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်မြို့တွင် အောက်တိုဘာလစတုတ္ထပတ်မှ စတင်၍ မြို့မ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီစာဖြစ်သောဝါးဥများ ရောင်းချလျက်ရှိပါသည်။ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးတွင် ရှမ်းပြည်ဘက်မှလာသော ဝါးဥ နှင့် ရွှေတောင်မြို့နယ် ဘက်မှလာသော ဝါးဥဆိုပြီး အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ရှမ်းပြည်ဘက်မှ ဝင်ရောက်လာသော ဝါးဥမှာ တစ်ပိဿာ လျှင် ၁၇၀၀ကျပ် နှင့် ရွှေတောင်မြို့ဘက်မှ ဝင်ရောက်လာသော ဝါးဥ တစ်ပိဿာလျှင် ၁၅၀၀ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းရရှိသလို စားသုံးမှုများသဖြင့် အရောင်းအဝယ်လည်းဖြစ်ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)